အခန်း(၆) အရေးပေါ်အခြေအနေများ
ရိုင်း ကျွန်တော့်ကို မမိသွားခင် လှေ၏အောက်ထပ်အခန်းမှထွက်ကာ ကျွန်တော့်ရဲ့ကိုယ်ပိုင်အခန်းဆီသို့ အမြန်ဆုံးပြန်သွားခဲ့သည်။ အခန်းထဲရောက်တဲ့အခါ ကျွန်တော့်လက်ထဲပါလာသမျှပစ္စည်းတွေကို အိပ်ရာပေါ်သွန်မှောက်ပစ်ချပြီး ရေစိုနေတဲ့အင်္ကျီကိုဆွဲချွတ်ကာ ရေချိုးခန်းထဲသို့ အပြေးအလွှားကို ဝင်ရတော့သည်။
ဒါဆို သူကမေးလာရင်တောင် ကျွန်တော်ရေချိုးနေလို့ သူခေါ်တာကိုလည်း မကြားလိုက်ဘူး' လို့ပြောနိုင်မယ်လေ .... ၊ အဲ့လိုအပြောက တော်တော်လေး မဖြစ်တန်ရာနိုင်ပေမယ့်ပေါ့။
ရေချိုးခန်းထဲမှာ ကြောက်စိတ်တွေနဲ့ အပြင်က ခြေသံတွေ၊ လှုပ်ရှားမှုတွေကို ကျွန်တော်နားထောင်နေခဲ့တယ်။ အသံတစ်သံမကြားရကာမှ ရေပန်းခလုတ်ကိုလည်း စိတ်ချစွာဖွင့်နိုင်ပြီး တဖွားဖွားဖြာကျလာတဲ့ ရေပူအောက်မှာ ကျွန်တော့်ကိုယ်ကို သန့်ရှင်းရေးလုပ်လိုက်သည်။ သို့ပေမယ့် ဘယ်လိုအရာကမှ တောင့်တင်းနေတဲ့ ကျွန်တော့်စိတ်ကို ပြေလျော့သွားအောင် မလုပ်ပေးနိုင်ခဲ့ဘူး။
ကြည့်ရတာ ကျွန်တော့်ကိုယ်ပေါ် စွဲကျန်နေခဲ့တဲ့ ရေသူထီးရဲ့ အနံ့အသက်က ဆေးကြောပစ်လို့မရနိုင်ဘူးထင်တယ်။ တစ်ခါလေးရှူရှိုက်မိရုံနဲ့ ထိုအနံ့က ကျွန်တော့်ကို မူးမိုက်သွားစေပြီး အဲ့ဒီအပြင်ကို စိတ်ကူးကြည့်လို့ပင်မရနိုင်တဲ့ နောက်ဆက်တွဲအကျိုးဆက်တစ်ခုလည်း ရှိနေသေးသည်။ ထိုအကျိုးဆက်က ကျွန်တော့်ကို ရေချိုးခန်းနံရံတွင်မှီစေပြီး အောက်သို့ ငုံ့ကြည့်စေသည်။
ကျွန်တော့်ရဲ့ပေါင်တံနှစ်ခုကြားရှိနေတဲ့အရာ ..... အဲ့ဒီအရာက ဘယ်လိုလုပ်ပြီးများ ထောင်မတ်နေသလဲ ကျွန်တော်ပင်မသိ .... သို့ထက် ထိုအရာက အတော်လေးကိုတောင် မာတောင့်နေပြီ ဖြစ်သည်။
'အချိန်အခါ မသင့်လိုက်တာ'
အကူအညီမဲ့စွာ မျက်မှောင်ကြုပ်လိုက်ရင်းနဲ့ ကျွန်တော့်လက်ကိုဆန့်ထုတ်ပြီး ထိုအောက်ဘက်ရှိ အနားမရနေသော အရာအား ဖမ်းဆုပ်လိုက်သည်။ ရေချိုးခန်းနံရံကိုမှီကာ သက်တောင့်သက်သာဖြစ်စေမည့် ပုံစံကိုပြောင်းယူပြီးနောက် တင်းမာနေသောအရာအား နှိပ်နယ်ကာ အားမပါသော ပေါ့ပါးမှုတစ်ခုဖြင့် ပွတ်ဆွဲလိုက်သည်။
KAMU SEDANG MEMBACA
Desharow's Merman
RomansaDesharow Merman (德萨罗人鱼) Total-116 Author: 深海先生 Translators: Cheonsa_I_Bl & Jade(co). Editors: rad_pigeon I'm not own this story and it's my retranslation.