Zawgyi
Koi ငါး စိတ်စွမ်းအင်သားရဲတစ်ကောင်အနေနဲ့ သူကောင်းကင်ဘုံပေါ်ကို တက်နိုင်တဲ့အချိန်ကျမှ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲနိုင်မယ်ဆိုတာကို သိနေခဲ့ပြီးကတည်းက သူကအမြဲတမ်း နဂါးတွေကို လေးစားနေခဲ့တာဖြစ်တယ်။ အဲ့ဒါက သူ့ရဲ့နောက်ဆုံးပန်းတိုင်တစ်ခုလေ။ ပြီးတော့ ချင်းလောင်ဆိုတာကလည်း နဂါးတွေရဲ့ဘော့စ်ကြီးလေ။ တကယ်လို့သူသာ ချင်းလောင်ရဲ့ပေါင်လုံးကို ဖက်ထားပြီးတော့ သူ့ဆီကနေ သင်ယူလေ့လာမယ်ဆိုရင် သူလည်း မကြာခင်ကောင်းကင်ဘုံပေါ်ကို တက်ရောက်သွားနိုင်မလား?
ယွီဂျင်လီတစ်ယောက် ဒီအကြောင်းကို တွေးကြည့်လိုက်ရုံနဲ့တင် စိတ်လှုပ်ရှားလာပြီးတော့ သူ့ရဲ့ကျင့်ကြံရေးအတွေ့အကြုံတွေကို တစ်ဖက်လူနဲ့ချက်ချင်း ဆွေးနွေးနိုင်ပါစေလို့ ဆုတောင်းနေမိတယ်။
ကျန်းမော့ရှန်းရဲ့မျက်နှာက လုံးဝကို မည်းမှောင်နေပြီဖြစ်တယ်။ သူကအမြဲတမ်း ခံစားချက်ကင်းမဲ့တဲ့မျက်နှာထားကို တပ်ဆင်ထားလေ့ရှိသော်ငြားလည်းပဲ အခုချိန်မှာဆိုရင်တော့ သူ့ရဲ့ပတ်ပတ်လည်မှာ အေးစိမ့်စိမ့်အငွေ့အသက်တွေ ထွက်ပေါ်လာနေပြီးတော့ အံ့ဖွယ်သားရဲကောင်ကြီးအဖွဲ့ဝင်တွေကို ခက်ခဲတဲ့အချိန်တွေ ပေးစွမ်းနေတယ်။ အထူးသဖြင့် ဒီအေးစက်မှုတွေရဲ့အလယ်မှာ အေးခဲနေတဲ့ ချင်းလောင်တစ်ယောက်ဟာဆိုရင် သူဘယ်နားမှားသွားသလဲဆိုတာကို အခုထိမသိသေးပါဘူး။
ပိုင်ဟူက ချင်းလောင်ကို ထောက်ထားစာနာနေတဲ့ အကြည့်တစ်ချက်ကို ပေးလိုက်ပြီးနောက် သူနဲ့ဘာမှမဆိုင်သလိုမျိုး ပြုမူနေလိုက်တယ်။ ရဲဘော်ရဲဘက်စိတ်ဓာတ်ဆိုတဲ့ စိတ်လေးတစ်ခုတောင် လုံးဝမရှိပဲနဲ့ပေါ့!
လာနောက်နေတာလား။ ဘော့စ်ရဲ့အေးခဲနေတဲ့ လေစိမ်းတွေအောက်မှာ အဲ့လူက ချက်ချင်းမသေချင်သေးသရွေ့ ဘယ်သူက ချင်းလောင်အတွက် ရှေ့ထွက်ရဲမှာလဲ?
"အားရှန်း ခင်ဗျားရဲ့ဒီသူငယ်ချင်းတွေက အရမ်းအံ့သြဖို့ကောင်းတာပဲ။ ကျားဖြူနဲ့ မိုးပြာရောင်နဂါး သူတို့တစ်ယောက်ချင်းစီက ဒဏ္ဍာရီလာသားရဲတွေပဲ။ အိုက်ယား တကယ်လို့ သူတို့တွေသာ ကျွန်တော်တို့ကိုကျင့်ကြံဖို့ သင်ပေးမယ်ဆိုရင် ကျွန်တော်တို့တွေ သေချာပေါက်ကို ပိုပြီးတော့တောင် စွမ်းအားကြီးလာကြမှာပဲ။" ယွီဂျင်လီက ကျန်းမော့ရှန်းဆီကနေ ဖြာထွက်ကျနေတဲ့လေစိမ်းတွေကို လုံးဝမခံစားရပါဘူး။ ကျန်းမော့ရှန်းရဲ့ စိတ်အခြေအနေဆိုးရွားနေမှုကို လုံးဝသတိမမူမိပဲ ယွီဂျင်လီက ကျန်းမော့ရှန်းရဲ့လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီးတော့ သူ့ရဲ့ရှာဖွေတွေ့ရှိမှုကို စိတ်လှုပ်တရှား သူနဲ့အတူမျှဝေလိုက်တယ်။
YOU ARE READING
TYGW's Mr.Lucky (BL) [Myanmar Translation] Book-2
RomanceThis novel's not mine. I love to read this novel. So I translate for fun. Please support original author and english translator. Title : The Young General's Wife Is Mr.Lucky Author : Demon Fox With Fiery Tail Status : 528 chapters (completed) St...