Episode - 1

2.4K 84 2
                                    


[ 1995, March 9, ... 9:9 AM ...
At Sadong Palace , Seoul ]

" မင်းကြီး ...... မင်းကြီးရဲ့ဒုတိယမြောက်မြေးတော်လေးကို အခက်အခဲမရှိပဲအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါပြီ ...... "

" ဟေ ! ဟုတ်လား ...... ဒါနဲ့ မြေးတော်လေးက ...... ? "

" မင်းသမီးလေးပါ မင်းကြီး ...... "

ကိုယ်ရံတော်သက်တော်စောင့်ရဲ့ သတင်းကိုကြားကြားချင်းပဲ တောင်ကိုရီးယားရဲ့ ၂၄ ဆက်မြောက်သော ဘုရင် Yi Min မင်းကြီးအတိုင်းမသိဝမ်းသာသွားသည် ။
အမြဲတမ်းမျိုးဆက်ထဲတွင် သားတော်များကိုသာဖွားမြင်ခဲ့သလို ပထမမြေးဦးမှာလဲ မြေးယောကျာ်းလေးသာဖြစ်ခဲ့သည် ။ ယခုမှသာ ပထမဦးဆုံး Choi Yi ရဲ့မင်းမျိုးမင်းဆက်ထဲ၌ ပထမဦးဆုံး မြေးမိန်းကလေးတစ်ဦး ဖွားမြင်နိုင်ခဲ့ခြင်းသာဖြစ်ပေသည် ။

ဘုရင် Choi Yi Min လဲ မျှော်လင့်နေသောမြေးမလေးတစ်ဦးရရှိပြီဖြစ်သောကြောင့် ပီတိဖြာနေသောအဘိုးတစ်ယောက်ပီပီ စာကြည့်စားပွဲတွင်ထိုင်နေရာမှ ဝမ်းသာအားရချက်ချင်းထရပ်လိုက်ပြီး အထိန်းတော်အား

" ကားအဆင်သင့်ပြင်ထား ... ငါချက်ချင်း တော်ဝင်ဆေးရုံကိုလိုက်သွားမယ် ... "

..........................................

တောင်ကိုရီးယားရဲ့ ဂျိုဆောင်မင်းဆက်၏ ၂၄ ဆက်မြောက်မင်းဖြစ်သော ဘုရင် Choi Yi Min တွင် Choi Yi Chin နှင့် Choi Si Won ဆိုသည့် သားတော် ၂ပါးရှိလေသည် ။
မင်းသား Yi Chin နှင့် မင်းသား Si Won တို့သည် ၁၇ နှစ်တိတိအသက်ကွာခြားကြသည် ။
ထို့ကြောင့် မင်းသား Yi Chin တွင်သားတစ်ယောက်ရရှိပြီးချိန်၌ မင်းသား Si Won မှာ အသက် ၇ နှစ်သာရှိသေးသည် ။ ထို့ကြောင့် မင်းသား Si Won နှင့် သူ့ရဲ့တူမှာ ၇ နှစ်သာကွာ၍ Prince Minho က သူ့ရဲ့ဦးရီးတော်အား 'အစ်ကို(Hyung) ဟုသာခေါ်ခဲ့သည် ။

1995 ခုနှစ် March လ 9 ရက်နေ့တွင် မင်းသား Choi Yi Chin ရဲ့ကြင်ယာတော်ဇနီး Yong Hae Ju မှ ဒုတိယမြောက်သမီးတော် မင်းသမီးလေးတစ်ပါးကို မွေးဖွားပေးခဲ့သည် ။ ပထမသားတော်လေးဖြစ်သော မင်းသားလေး Choi Min Ho ကိုတော့ 1991 ခုနှစ် December လ 9 ရက်နေ့၌ ဖွားမြင်ခဲ့သည် ။ ထို့ကြောင့် မွေးရက်ချင်းတူညီကြပြီး တစ်ယောက်နှင့်တစ်ယောက် ၄ နှစ်ကွာကြသည် ။

GG & My DestinyWhere stories live. Discover now