Episode - 18

570 31 3
                                    

၂ ပတ်လောက်နေတော့ Yoona ဆေးရုံမှဆင်းခဲ့သည် ။ ဒီကြားထဲ၌ အားလုံးက Yoona အားသူသည် ၁၄ နှစ်အရွယ် အလယ်တန်းကျောင်းသူတစ်ဦးမဟုတ်တော့ကြောင်း သူသည်ယခု အသက် ၂၅ နှစ်အရွယ် အလွန်အောင်မြင်ကျော်ကြားသည့် အဆိုတော် မင်းသမီးတစ်ဦးဖြစ်ကြောင်းနှင့် company တွင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ထိခိုက်ဒါဏ်ရာရရှိ၍ ယခုလိုအတိတ်မေ့၍ မျက်စိကွယ်သွားရခြင်းသားဖြစ်ကြောင်း ကိုသေချာရှင်းပြခဲ့ကြသည် ။ အစကတော့ Yoona လက်မခံနိုင်သော်လဲ နောက်ပိုင်းသူ့အခြေအနေကို လက်ခံခဲ့သည် ။ သို့သော်သူမည်သူ့ကိုမှသတိမရသေးပေ ။ သူ့မိသားစုတစ်ခုတည်းသာသူသိတော့သည် ။

ဆေးရုံမှဆင်းဆင်းခြင်း သူ့မိဘများက yoona ကိုအိမ်သို့ခေါ်သွားကြသော်လည်း နောက် ၁ ပတ်လောက်တွင် ဆရာဝန်ကအရင်နေနေကျပတ်ဝန်းကျင်၌ သတိပြန်လည်ရလာအောင် လေ့ကျင့်နေထိုင်ပေးရမည်ဟု မှာသောကြောင့် Yoona ကို သူတို့ ၉ ယောက်နေသည့်အိမ်သို့ပြန်ခေါ်လာခဲ့ကြသည် ။

(မီးလောင်မှုဖြစ်ပြီး တစ်လလောက်အကြာ၌)

Soo - Yoonie yaa … ဒီနေ့ဘာစားချင်လဲ ?

ဧည့်ခန်းကုလားထိုင်၌ထိုင်နေသာ yoona ရဲ့ဘေးတွင် Soo ဝင်ထိုင်ပြီးမေးလိုက်သည် ။

Yoona - Unnie အဆင်ပြေသလိုသာ ချက်ပါ … yoona ဘာမဆိုစားပါ့မယ်ရှင့် … :)

Yoona ရှေ့ကစားပွဲပေါ်သို့သာ ဦးတည်ကြည့်ပြီး Soo ကိုပြုံး၍ပြောလိုက်သည် ။

Soo - ဟင်းးးး *sigh* ok …

Soo သက်ပြင်းညင်ညင်သာသာလေးချ၍ ပြန်ထကာမီးဖိုခန်းထဲသို့ ပြန်ဝင်လာသည် ။ ပြီးတော့ဟင်းချက်ဖို့ပြင်နေသော Yul နဲ့ Tae တို့ ၂ ယောက်နားကပ်၍

Soo - စိတ်ညစ်တယ်ဟာ … သူမြန်မြန်သတိရလာရင်ကောင်းမယ် …… အရင်က နင်နဲ့ငါနဲ့ပြောနေတဲ့သူက အခုလို 'Unnie' လို့ငါ့ကိုခေါ်တော့ စိတ်ထဲမကောင်းဘူးဟယ် … :(

Yul - နင်ပဲအရင်ကတော့ Yoon ဆီက unnie လို့ခေါ်တာမကြားရလို့ အတင်းခေါ်ခိုင်းနေပြီးတော့ … အခုခေါ်တော့လဲ စိတ်ညစ်ပြန်ပြီလား … :/

Soo - မဟုတ်ဘူးလေဟာ … ငါက သူ့ကို အရင်လို …… *sigh*  :(

Tae - ဘာပဲဖြစ်ဖြစ်ပါဟာ …… သူငါတို့ကိုမမှတ်မိသေးလဲ ပြသနာမဟုတ်သေးဘူး …… အရေးကြီးတာကသူ့မျက်စိအမြန်ဆုံးပြန်ကောင်းဖို့ပဲ ……

GG & My DestinyWhere stories live. Discover now