#MY_Destiny #Ep_6
Sunny - ဟာ အဲ့ဒါမဖြစ်ဘူးလေ … Yuri ရဲ့အခြေအနေကရှိသေးတယ် … ချက်ချင်းကြီးပြန်ဖို့က … :/
Soo - ဟုတ်တယ် … သမီးတို့ပြန်နှင့်လို့ရပေမဲ့ Yul ကရှိသေးတယ် … :(Manager . Yul နားဆီလျှောက်သွားတော့ ဘေးနားမှာထိုင်နေသော Sica ကထရပ်ပေးလိုက်သည် ။
M Oppa - အိပ်နေပြီလား ? *whisper*
Sica - ဟုတ် စောစောလေးတင်က အိပ်ပျော်သွားတယ် … Oppa …
Oppa - Sica yaa … ခဏလောက် … ငါနင့်ကိုပြောစရာရှိလို့ …
Sica - သမီးကို ? Ahh ဟုတ် …… O.OSica နဲ့ Manager အပြင်ထွက်သွားတော့ ကျန်တဲ့ ၇ ယောက်ကဘာများပြောကြမလဲဆိုသည့်အကြည့်ဖြင့် ကြည့်နေမိကြသည် ။ သို့သော် Manager ကတံခါးပြန်ပိတ်သွားသည် ။
Sunny - ဘာပြောမလို့ပါလိမ့် …
Yoona - Oppa … Unnie ကိုဆူမလို့များလား ? O.O
Fany - မဟုတ်လောက်ပါဘူး … Sica ကိုသူဆူပိုင်ခွင့်မရှိတော့ဘူးလေ …Seo - hyo unnie သမီးတို့ ချောင်းနားထောင်ကြည့်ကြရအောင် …
Hyo - နေပါဟာ သူတို့လွတ်လွတ်လပ်လပ်ပြောကြပါစေ …Hyo ကတားလိုက်လို့ Seo မသွားပေမဲ့ fany တံခါးနားတွင်ရပ်ပြီး နားစွင့်နေလေသည် ။ Tae ကတော့ Yul ရဲ့ကုတင်ခြေရင်းကိုမှီရပ်ကာ fany ကိုလှမ်းကြည့်နေသည် ။
အခန်းအပြင်၌
Manager Oppa - Soo Yeon … ဒီကိစ္စအပြင်မှာထွက်နေတဲ့သတင်းက တကယ်ပဲလား ? နင် Yuri ကိုကားပေါ်ကအတင်းတွန်းချလိုက်တာလား ?
Sica - မဟုတ်ရပါဘူး Oppa ရယ် …… Sica အဲ့လောက်ထိရက်စက်တဲ့သူမဟုတ်မှန်း Oppa သိမှာပါ … Oppa ကပါအခုတော့ Sica ကိုမယုံကြည်နိုင်တော့ဘူးလား ? :'(Manager - ငါနင့်ကိုမယုံကြည်လို့မေးတာမဟုတ်ပါဘူး Soo yeon … ဒါပေမဲ့ဒီကိစ္စပေါ့ပေါ့တန်တန်နဲ့ပြီးသွားလိမ့်မယ်လို့ ငါတော့မထင်ဘူး … ကျိန်းသေတာကတော့ ငါဟိုကိုပြန်တာနဲ့ အလုပ်ဖြုတ်ခံရမှာပဲ … နောက်ပြီး C.E.O က နင့်ကို …… တရားစွဲမယ်လို့ပြောတယ် … :(
Sica - ဟင် ! O.O
" ကြီ် ………… "
fany အခန်းတံခါးကိုဆွဲဖွင့်ပြီး အခန်းပြင်သို့ချက်ချင်းထွက်လာသဖြင့် Manager လန့်သွားသည် ။
fany တံခါးကိုအရင်ပြန်ပိတ်လိုက်ပြီး အပြင်မှ lock ချပစ်လိုက်သည် ။
ပြီးတော့ Manager ရဲ့စကားကိုကြားပြီး ထိတ်လန့်နေသော Sica ကိုသူကြည့်လိုက်သည် ။ Sica ကစိတ်ရှုပ်ပြီး ဖြူဖျော့နေတဲ့ မျက်နှာငယ်လေးနဲ့ fany ကိုဝေ့ကြည့်လိုက်သည် ။