Episode - 15

542 28 1
                                    


နောက်နေ့မနက်ကျတော့ Lee Teuk က Ye Sung ကို GG.company သို့ခေါ်လာပြီးသူတို့အားလုံးနဲ့ မိတ်
ဆက်ပေးခဲ့သည် ။ ပြီးတော့ အမှုဖြစ်သည့်အကြောင်းအရာပုံစံကို သေချာရှင်းပြခဲ့ကြသည် ။

Ye Sung - Ahh … ဒါဆို S.M ဘက်ကတမင်လျော်ကြေးငွေလိုချင်လို့ လုပ်တာပဲ … ဒါပေမဲ့ သိပ်စိတ်မပူကြပါနဲ့ဗျာ … SHINWHA group တောင်မှ S.M ကထွက်သွားပြီးတာတောင် 'SHINWHA' ဆိုတဲ့ နာမည်ပဲဆက်သုံးနေသေးတာပဲ ……

Yul+Yoon+Soo - ဟုတ်တယ် …

Ye Sung - ကျွန်တော်ကျိန်းသေပြောရဲတယ် … ဒီပွဲမှာ ကျွန်တော်တို့ဘက်က ကျိန်းသေပေါက်နိုင်မှာ … :)

………xxx………

တကယ်လဲ Ye Sung ပြောသည့်အတိုင်းပင် ၊

တရားရုံးချိန်းမှာ တစ်ပတ် ၁ ခါရက်ချိန်းသည် ။ ပထမအပတ်ရုံးချိန်၌ သူတို့ GG.company ဘက်မှ အသာစီးရခဲ့သလို နောက် ၁ ပတ်ရုံးချိန်းမှာလဲ သူတို့ဘက်ကသာ အသာစီးရရှိခဲ့ပြန်သည် ။ နောက်ဆုံး ရုံးချိန်းမှာတော့ GG.company မှအနိုင်ရှိခဲ့ပြီး " Girls Generation " ဆိုသည့် 'GG' နာမည်ကို ရာသက်ပန်ကိုယ်ပိုင်နာမည်အဖြစ်သုံးခွင့်ရရှိခဲ့သည် ။

ထို့ကြောင့် Kim Young Min ဆိုသည့်လူကြီးမှာ တစ်နည်းမရတစ်နည်းကြံပြန်တော့သည် ။ အမှန်တကယ်တော့ Kim Young Min မှာ 'GG' entertainment မှ Album ထုတ်ရန်နှောင့်နှေးစေချင်လိုသောကြောင့်သာ တရားစွဲခဲ့ခြင်းဖြစ်သည် ။ ယခုဆိုလျှင် ထိုတရားရုံးချိန်းများကိုသာလိုက် ပူပန်နေရသဖြင့် GG ဘက်မှ Album အတွက်စီစဉ်ထားသမျှ သေချာမလုပ်ဖြစ်သေးပေ ။

တရားရင်ဆိုင်မှုပြီးတာနဲ့ GG ent. မှ အသစ်ထုတ်မည့် Album အတွက်စတင်ပြင်ဆင်ခဲ့ကြသည် ။

Meeting ခန်းထဲ၌

Hee Chul - နင်တို့ The Boy Album တုန်းက Title Song 'The Boy' ကိုရေးပေးတာ Micheal Jackson ရဲ့ song writer မဟုတ်လား ?

Fany - ဟုတ်တယ် Oppa … Teddy Riley လေ …

Tae -  Eng.version ကို Teddy Riley တစ်ယောက်တည်းစပ်ပေးပြီး Hangul လိုကျတော့ ဆရာYoo Young Jin နဲ့ Taesung Oppa ပြန်စပ်ပေးထားတာ …

Fany - yaa ငါလဲပါပါတယ်နော် … ရေးတဲ့ထဲမှာ ^_^

Soo - 2 ကြောင်းလေးပါတာကိုများ … :P
Fany - yaa အဲ့ငါရေးတဲ့ ၂ ကြောင်းပဲပေါက်သွားတာလေ … :P
Yul+Soo - လေဒယ် … :P

GG & My DestinyWhere stories live. Discover now