ခွဲစိတ်အထူးကုဆရာဝန်ကြီး၏ရုံးခန်းထဲတွင်Doctor - ဒီလထဲမှာအသဲအစားထိုးခွဲစိတ်မှုသာမပြုလုပ်နိုင်ခဲ့ဘူးဆိုရင် ကလေးမလေး Yoo Jung ရဲ့အသက်ကိုကယ်တင်နိုင်ဖို့ခက်ခဲ့လိမ့်မယ် ...
Tae - ဒါဆိုအခုထိ အသဲအလှူရှင်ကိုရှာမတွေ့သေးဘူးပေါ့ ဆရာ ?
Doctor - ဟုတ်ပါတယ် ...... အပြင်ကသူ့ရဲ့အသဲနဲ့အမျိုးအစားတူတဲ့သူ အလှူရှင်ကိုရှာတွေ့ဖို့ဆိုတာ သိပ်မလွယ်ဘူး ... အမှန်ဆိုမိသားစုသွေးသားရင်းချာထဲက ဒီလိုအစားထိုးမှုအတွက် အမျိုးအစားကိုက်ညီတဲ့အသဲရဖို့ပိုနီးစပ်ပါတယ် ... ဒါပေမဲ့ ကလေးမလေးမှာက သူ့အဖေကလွဲပြီး တခြားဘယ်ဆွေမျိုးမှမရှိဘူးဆိုတော့လဲ ခက်သားဗျ ...
Tae ရော Sica ပါသက်ပြင်းပြိုင်တူချလိုက်မိကြသည် ။
Sica - ဒါဆို ဘယ်လိုလူမျိုးက သူရဲ့အသဲနဲ့ကိုက်ညီမှုရှိနိုင်ချေများရှိလဲ doctor ?
Doctor - အရင်ဆုံး သူနဲ့သွေးအမျိုးအစားတူတဲ့သူတွေဆိုရင် သူ့ရဲ့အသဲနဲ့ အစားထိုးလို့ရအောင်တူညီမှုရှိမရှိ စစ်ဆေးကြည့်ရပါမယ် ...... တကယ်လို့ result က 95% တူညီတယ်ဆိုရင် အသဲအစားထိုးကုသမှု ပြုလုပ်လို့ရပါပြီ ...... :)
Tae+Sica - Yoo Jung ရဲ့သွေးအမျိုးအစားက ?
Doctor - 'B' သွေးပါ ...Sica - 'B' ... ကျွန်မနဲ့သွေးအမျိုးအစားတူတယ် doctor ... ဒါဆိုကျွန်မ စစ်ဆေးကြည့်ချင်ပါတယ် ... :)
......xx......
Tae yeon, Sica နဲ့ Joy တို့ ၃ ယောက် အိမ်သို့ပြန်သွားကြပြီး ကျန်တဲ့သူတွေအားလုံးကို အကြောင်းစုံရှင်းပြလိုက်ကြသည် ။
Sunny - ငါလဲ 'B' သွေးပဲ တကယ်လို့နင့် Result မကိုက်ညီရင် ငါထပ်ပြီးစစ်ဆေးကြည့်မယ်လေ ...
Yoona - Unnie တို့ သမီးလဲ B သွေးပဲလေ ......
Yul - မဖြစ်ဘူး Yoonie ...... နင့်ကိုတော့ ငါတို့အဲ့လိုမလုပ်ခိုင်းစေချင်ဘူး ...... Sica သွေးအမျိုးအစားမတူတဲ့သူက လှူဖို့လုံးဝမဖြစ်နိုင်ဘူးလား ? :(
Sica - အေးဟ ... မဖြစ်နိုင်ဘူးတဲ့ ......
Fany - တကယ်လို့ ငါတို့အသဲနဲ့ကိုက်ညီမှုမရှိရင်တော့ ငါတို့သတင်းစာနဲ့ဂျာနယ်တွေမှာ ကြေညာထည့်ကြရမှာပေါ့ ......