Jessica Night Club ထဲသို့ဝင်သွားသဖြင့်
Joy - ကွိုင်ပဲ ငါလဲအဲ့ထဲတစ်ခါမှမဝင်ဖူးဘူး … ငါလိုက်သွားလို့ဖြစ်ပါ့မလား ? OH ! ငါလဲ 18 ပြည့်ပြီးနေပြီပဲ … ဒီမှာ 18 ဆို OK ပြီ …… Ok ဝင်မယ် …… Sica unnie ကိုစောင့်ရှောက်ပေးရမယ့်တာဝန်ငါ့ဆီမှာ အပြည့်ရှိတယ် ……
Joy ပြောပြီး လိုက်ဝင်သွားသည် ။ ပြီးတော့ Bar မှာ Sica ထိုင်နေသည့် မလှမ်းမကမ်းမှာပဲဝင်ထိုင်လိုက်ပြီး အခြေအနေကိုစောင့်ကြည့်နေလိုက်သည် ။
မိနစ် ၃၀ လောက်ကြာတော့ Sica နားသို့ လူငယ်တစ်စုရောက်လာသည် ။
boy - hey girl ! ငါနဲ့အတူကကြရအောင် …
sica - ကျွန်မရှင်တို့နဲ့အတူ တွဲမကပေးနိုင်ဘူး … ကျွန်မနဲ့ခပ်ဝေးဝေးမှာနေပါ … :/sica လဲစိတ်ညစ်နေတာမို့လို့ လေသံခပ်မာမာနဲ့ပြန်ငြင်းလိုက်မိသည် ။
boy - မင်းကဘယ်သူမိုလို့ အဲ့လောက်မာနထောင်နေရတာလဲ ငါကခဏပဲခေါ်တဲ့ဟာကို … လာပါကွာ သွားရအောင် ကကြမယ် … ;)
sica လက်ကိုဆွဲသဖြင့် sica လက်ကိုအတင်းပြန်ရုန်းလိုက်ပြီး
Sica - ရှင့်ကို မလိုက်နိုင်ဘူးပြောပြီးသွားပြီ … လွှတ်စမ်း … :/
စားပွဲပေါ်တွင်ရှိသည့် အရက်ခွက်ဖြင့် ထိုကောင်လေးရဲ့မျက်နှာကို ပက်လိုက်သည် ။
Boy - Ah! အစွာပဲဟ …… :/
Sica ကတော့ ထိုင်ခုံမှထပြီး ထိုနေရာကနေထထွက်သွားရာ စောစောကကောင်လေးက Sica နောက်အတင်းလိုက်ပြီး လက်ကိုဆွဲထားလေသည် ။ Sica လဲဒေါသထွက်ပြီး ပါးရိုက်ချပစ်လိုက်သည် ။ ပါးရိုက်ခံလိုက်ရသဖြင့် ထိုနိုင်ငံခြားသားလဲတင်းသွားပြီး Sica ကိုဆောင့်တွန်းလိုက်ရာ Sica စားပွဲခုံနှင့် နဖူးဆောင့်မိ၍ လဲကျသွားသည် ။
" ခွပ် … အ "
ထိုစဉ် Joy အနောက်ကရောက်လာပြီး ဘယ်ကယူလာမှန်းမသိတဲ့ အရက်ပုလင်းနဲ့ ထိုကောင့်ရဲ့ခေါင်းကိုရိုက်ချလိုက်ပြီး Sica ရဲ့လက်ကိုဆွဲပြီး Club ထဲမှဆွဲခေါ်ထုတ်ခဲ့တော့သည် ။
Sica - ဟင် ! Joy … O.O
Joy - ဟုတ်တယ် … သမီး Joy … လာသမီးအိမ်လိုက်ပို့ပေးမယ် … သမီးကားနဲ့ပဲလိုက်ခဲ့တော့ … unnie ကားကိုခဏနေမှ လူလွှတ်ယူခိုင်းပေးမယ် ……
Sica - Ahh …… hummm ကောင်းပါပြီ …… :(