Episode - 7

636 39 0
                                    

fany - SM ကနေနှုတ်ထွက်မယ် ဟုတ်လား Taeyeon ? O.O

Tae - ဟုတ်တယ် ငါတို့အားလုံး ထွက်ကြမယ် ပြီးရင်ငါတို့ဘာသာ Entertainment အသေးလေးတစ်ခုစတည်ထောင်မယ် Shinwha Sunbaenim တွေလိုမျိုး ……

Fany - tae နင်ဖြစ်နိုင်မှပြောနော် စဉ်းစားဦး ကိုယ်ပိုင် Entertainment တစ်ခုထူထောင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး …… လူအင်အားရော ငွေကြေးပါ လိုအပ်တာ …… ငါတို့ ၈ ယောက်တည်းနဲ့ဘယ်လိုလုပ်ပြီး …… :(

Tae - ၈ ယောက်မဟုတ်ဘူး …… ငါတို့ ၉ ယောက် …… :)

Tae အသာလေးပြုံးပြီးပြောလိုက်ရာ fany ရဲ့မျက်ဝန်းများတောက်ပသွားသည် ။

Fany - Sica ? O.o

Tae - အင်း ……… :)

Fany - ကဲ ထားပါတော့ ငါတို့ ၉ ယောက်အတူတူ … ဒါပေမဲ့ ငါတို့စာချုပ်သက်တမ်းက နောက်ထပ် ၅ နှစ်တောင်ကျန်နေသေးတာ အဲ့ဒါဘယ်လိုလုပ်မလဲ ?

Tae - ငါလဲအဲ့ဒါကိုပဲစဉ်းစားနေတာ …… အခုနေချက်ချင်းထွက်ရင် ငါတို့ဘက်ကစာချုပ်ချိုးဖောက်ရာကျနေမယ် …… အဲ့ဒီတော့ ငါတို့ အခွင့်ကောင်းကိုစောင့်ရလိမ့်မယ် ……

Fany - အခွင့်ကောင်း ? O.O

………………………

Yuri ခွဲစိတ်ပြီး ၂ ပတ်လောက်ကြာတဲ့အချိန်တွင် SM နှင့် Sica တို့ရဲ့ တရားပြိုင်ဆိုင်မှုဟာ ရုံးချိန်း ၂ ခါပြီးသွားခဲ့ပြီး SM ဘက်က သက်သေများဖြင့် အသာစီးကိုလက်ဦးမှုရရှိထားလေသည် ။ နောက်ဆုံးရုံးချိန်း တရားစီရင်ချက်ချမည့်ရုံးချိန်း သာကျန်တော့သည် ။ ဒီကြားထဲ SM ကရှယ်ယာများမှာ အလွန်ထိုးကျနေသည် ။ အမှန်တော့ SM ရှယ်ယာဈေးကို နောက်ကွယ်မှ ကြိုးကိုင်ပြီး ကစားနေသူ ၂ ဦးရှိနေပေသည် ။ ထိုသို့ရှယ်ယာဈေးလှုပ်ရှားအောင် လုပ်နေသူတို့ကို Prince Minho ကိုယ်တိုင်ပင် မသိခဲ့ပေ ။

……………………

Jessica သည် တရားရင်ဆိုင်နေရသည့်အချိန်ဖြစ်၍ Seoul သို့လွန်ခဲ့သည့် အပတ်ထဲကရောက်ရှိနေခဲ့သည် ။ Seoul ရှိသူ့မိဘအိမ်တွင်နေထိုင်သည် ။

Sica - Mom … ဒီနေ့ သမီးကိုယ်တိုင် ဟင်းချက်ချင်တယ် … :)

Kitchen ထဲရှိသူ့အမေရဲ့ခါးကို သွားဖက်ပြီး ကလေးတစ်ယောက်လို သွားချွဲနေသည် ။
Sica's Mom - ထူးထူးဆန်းဆန်းပါလား ငါ့သမီး …… :D

GG & My DestinyDonde viven las historias. Descúbrelo ahora