Company ထဲပြန်ဝင်သွားတော့ စောစောက အောက်ဆုံးထပ်အဝ၌ထိုင်နေသည့် Security Lee ရဲ့ခုံအလွတ်ကိုသာတွေ့လိုက်သဖြင့်Sica - ဟင် ! Ahjusshi ဘယ်ရောက်သွားပါလိမ့် … အပေါ်ပြန်တက်ပြီးတော့များ check up လုပ်နေတယ်ထင်တယ် ……
Sica ရေရွတ်လိုက်ပြီး အပေါ်ဆုံးထပ်သို့တက်ချသွားသည် ။ အပေါ်ထပ်ရောက်တော့ စောစောကသူပိတ်ခဲ့သည့် မီးများပြန်ပွင့်နေသဖြင့် Sica အံ့သြမိသွားသည် ။ ထို့နောက် ပိုဆိုးသည်မှာ Sica ကိုယ်တိုင် Lock ချခဲ့သည့် Studio ခန်းရဲ့တံခါးမှ ဟစိလေးပွင့်နေသဖြင့်
Sica - တံခါးကဘယ်လိုဖြစ်ပြီး …… Ahjusshi လဲဒီအခန်းထဲဝင်စရာအကြောင်းမရှိပါဘူး … :(
Sica စိတ်ထဲမှရေရွတ်လိုက်ပြီး ဟစိပွင့်နေသည့် တံခါးကိုဝုန်းခနဲရုတ်တရက်ဆွဲဖွင့်လိုက်တော့သည် ။
ဤတွင် Sica ရဲ့နှာခေါင်းထဲ၌ ဓာတ်ဆီနံ့လိုလိုအနံ့မျိုးထောင်းခနဲကိုအရင်ရလိုက်သည် ။ ပြီးတော့ ပုံးအဖြူကိုယ်စီကိုင်ထားကြပြီး သူ့ကိုပြူးကြည့်နေကြသည့် လုံခြုံရေးမှူး Lee Dong Huk နဲ့ သူ့လက်ထောက် လုံခြုံရေး Kyung Min တို့ကိုတွေ့လိုက်ရသည် ။
Jessica သူတို့ ၂ ယောက်ကိုကြည့်ပြီး တော်တော်လေးအံ့သြသွားသလို ထို ၂ ယောက်ကလဲ Sica ကိုတအံ့တသြကြည့်နေသည် ။ Sica ကိုတွေ့တော့ သူတို့ ၂ ယောက်တော်တော်လေးထိတ်လန့်သွားပုံရပြီး ပြူးကြည့်နေကြသည် ။ သူတို့ ၂ ယောက်ဘာလုပ်နေမှန်း Sica မသိသေးသော်လဲ အခန်းထဲကိုကြည့်လိုက်တော့ ရေတွေရွှဲနေသည် ။ သူစားပွဲပေါ်တွင်တင်ထားသည့် ဖိုင်လေးပါရေတွေရွှဲနေပြီး ဓာတ်ဆီနံ့ကလဲထောင်းထောင်းထနေသည် ။
Sica - Ahh … Ahhjusshi …… ဘာ … ဘာ လုပ် … ဒါ ဘာ လုပ်နေကြတာလဲ ? O.O
Sica တအံ့တသြမေးလိုက်တော့ လုံခြုံရေးမှူးဖြစ်သည့် Lee Dong Huk ဆိုသည့်လူကြီးက အထစ်ထစ်အငေါ့ငေါ့ဖြင့်
Security Lee- ဟို ဟို ဟို … လေ … ဟို … သူဌေး မ လေး … ဟို လေ … ©_©
Sica - မဟုတ်မှလွဲရော … ရှင် … ရှင်တို့ …… ကျွန်မတို့ Company ကို … မီး ရို့ ဖို့ … ကြံစည်နေကြတာလား ? >_<
Sica ဒေါသသံဖြင့် အော်လိုက်သဖြင့် လုံခြုံရေးမှူး Lee ဆိုသည့်လူကြီးကတော့ လက်ထဲကိုင်ထားသည့်ပုံးကိုလွှတ်ချလိုက်ပြီး Sica ရဲ့ဒူးကိုပြေးဖက်ကာ ခခယယတောင်းပန်တော့သည် ။ သို့ပေမဲ့ ဘေးမှ အသက် ၂၉ ခန့်ရှိသူ Security Kyung Min ဆိုသူကတော့ Sica ကိုစူးဆိုက်ကြည့်နေသည် ။ အခြေအနေမဟန်တော့မှန်းသိသဖြင့် တစ်ခုခုလုပ်ဖို့ ကြံရွယ်နေသည် ။