လည်တိုင်ပေါ်က ချစ်သူရဲ့ အနမ်းတွေက မရိုးနိုင်သလို သူ့ဆန္ဒကို အမြဲနိုးကြွစေတယ်။
အခန်းငယ်ဟာ မီးရောင် ခပ်မှိန်မှိန်ဆိုပေမဲ့ တစ်ယောက်အိပ် ကုတင်ခပ်ကျဉ်းကျဉ်းအပေါ် လွန့်လူးနေတဲ့ သူတို့နှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက် သေချာမြင်ရတယ်။
ချစ်သူရဲ့ နှုတ်ခမ်းပါးတွေက လည်တိုင်ကို စွန့်ခွာလာပြီး သူ့နှုတ်ခမ်းကို ငုံစုပ်လာပြန်တော့ အလိုက်သင့် တုန့်ပြန်ကာ အမီလိုက်ရပြန်တယ်။ အကြောပြိုင်းပြိုင်းထနေတဲ့ လက်တွေက သူ့ခန္ဓာကိုယ်အနှံ့ ပွတ်သပ်လို့ ပေါင်တံကြားအဆုံးသတ်ပြီး လှုပ်ရှားလှုံ့ဆော်ပေးတော့ ချစ်သူလည်ပင်းကို သိုင်းဖက်ကာ ခပ်တိုးတိုး ညီးညူမိတဲ့အထိ။ ပျော်ပျော်နေတတ်တဲ့ သူ့ချစ်သူက ဒီလိုအချိန်ဆို ဆွဲဆောင်အား ပြင်းလွန်းတဲ့ ယောက်ျားတစ်ယောက်။
မျက်လုံးထောင့်က သူ့မှဲ့လေးကို တယုတယ နမ်းရှုံ့ပြီး ပါးပြင်ကို နစ်အောင် နမ်းရှိုက်လာတဲ့ ချစ်သူက နား,နား ကပ်ကာ ခပ်တိုးတိုး ဆိုတယ်။
"ချစ်တယ်... YU"
"အွင်း... ချစ်တယ်... ZiHong"
#_#_#_#
ချစ်သူရဲ့ ပခုံးနှစ်ဖက်ကို အားပြုကိုင်ကာ တစ်ချက်ချင်း အထိုင်အထ လှုပ်ရှားနေတဲ့ သူ့ရဲ့ခါးကို ချစ်သူက ထိန်းကိုင်ထားပေးတယ်။ သူ့ထပ် ခေါင်းတစ်လုံး နိမ့်နေတဲ့ ချစ်သူက ချွေးစို့အောင် လှုပ်ရှားနေတဲ့ သူ့ကို တပ်မက်စွာ မော်ကြည့်နေတယ်။ ချစ်သူရဲ့ အရိုင်းဆန်ဆန်အကြည့်ကို ကျေနပ်မိတာကြောင့် ချစ်သူ့ရဲ့ ပါးနှစ်ဖက်ကို ကိုင်ပြီး နှုတ်ခမ်းပါးတွေကို ငုံ့နမ်းတော့ ကျောကို သိုင်းဖက်လာတဲ့ ချစ်သူက သူ့ကို မွေ့ယာပေါ် လှဲချလိုက်တယ်။ သူတို့နှစ်ယောက်ကြား ဆက်သွယ်ထားတဲ့ အချိတ်အဆက်ကတော့ မလွတ်ပဲ သဲသဲမဲမဲ အုပ်မိုးနမ်းနေတဲ့ ချစ်သူရဲ့ ခါးက စည်းချက်ကျကျ လှုပ်ရှားလာတယ်။
ချစ်သူသက်တမ်းသုံးလအတွင်း သူတို့ အချစ်နယ်ကျွံဖူးတာ ဒါပထမဆုံး မဟုတ်။ တက္ကသိုလ်မှာ မေဂျာမတူပေမဲ့ အဆောင်အခန်းတူတဲ့ သူနှစ်ယောက်အတွက် အခန်းထဲက ကုတင်တစ်လုံးတောင် ပိုနေပြီ ပြောရမယ်။ အစကတည်းက တစ်ခန်းထဲ နေကြတဲ့အပြင် ချစ်စခင်စ တောက်လောင်လွယ်တဲ့ ၂၀ ကျော် ၂၄ နှစ်လေးတွေဆိုတော့ စာကျက်ရင်း ချစ်လိုက်ကြ၊ ရန်ဖြစ်ရင်း ချစ်လိုက်ကြ၊ ရေချိုးရင်း ချစ်လိုက်ကြ အကြောင်းပြချက် အမျိုးမျိုးနဲ့ ချစ်မဝ ဖြစ်နေကြတာမျိုး။
YOU ARE READING
Ours
Fanfiction‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိပါ။ စိတ်ကူးယဉ် Fan Fiction တစ်ပုဒ်သာ ဖြစ်သည်။‼️