3

120 17 11
                                    

Market ကနေ အိမ်ပြန်တဲ့ လမ်းတစ်လျှောက် Lin ZiHong တို့သားဖက သူ့နောက်က ပါလာတယ်။

မနက်ကလည်း ကလေးမကို ဝရံတာမှာ တွေ့တယ်။ အခုလည်း အိမ်ပြန်လမ်းက တူနေပြန်တော့ သူ့အိမ်ရှေ့ မျက်နှာချင်းဆိုင် အခန်းမှာနေတာ Lin ZiHong တို့များလား။ တွေးကြည့်တာနဲ့တင် ခေါင်းတွေ ကျိန်းလာတာမျိုး။

#_#_#_#

သေပါပြီ။ လှေကားတက်တဲ့အထိ ပါလာတယ်ဆိုတော့ သေချာသွားပြီ။ ဘယ်လိုလုပ်ရပါ့မလဲ။ မထူးတော့ပါဘူး။ အမြဲ တွေ့နေရမဲ့ တူတူတော့ တစ်ခါတည်း ပြတ်ပြတ်သားသား ဆက်ဆံထားရမယ်။

အခန်းနားရောက်ခါနီး သူ ဆတ်ခနဲ လှည့်ကြည့်လိုက်တော့ Lin ZiHong က ရုတ်တရက် လန့်သွားတယ်။ ပြူးတူးပြာတာနဲ့ လန့်သွားတဲ့ Lin ZiHong က တက္ကသိုလ်ကျောင်းသားဘဝတုန်းကလို ‌ချစ်စရာကောင်းနေတုန်းပဲ။

သေစမ်း။ ဘာတွေ တွေးနေတာလဲ။ မဟုတ်တဲ့ အတွေးကို မောင်းထုတ်ပြီး သူ ပြုံးပြလိုက်တယ်။ သူ ပြုံးပြနေတဲ့အထိကို ‌ပြူး‌ကြောင်ကြောင် Lin ZiHong က ကြည့်နေတုန်းပဲ။

"Lin ZiHong..."

"ဟမ်..."

"မင်းက ဒီမှာနေတာလား..."

"အွင်း..."

Lin ZiHong ခေါင်းညိတ်ပြတယ်။ သူ တမင်တကာ သိသိသာသာ ဝမ်းသာဟန်ပြပြီး ရယ်မော ပြောဆိုလိုက်တယ်။

"မသိတဲ့သူနဲ့ အိမ်နီးချင်းဖြစ်ရတာထက် သူငယ်ချင်းနဲ့ အိမ်နီးချင်း ဖြစ်ရတာ ကောင်းတာပေါ့"

Lin ZiHong က ခေါင်းငုံ့ကာ ပြုံးတယ်။ ဒီအပြုံးက ဘာအဓိပ္ပာယ်လဲ။ သူငယ်ချင်းလို့ သုံးနှုန်းလိုက်လို့လား။ ထို့နောက် သူ့ကို ပြန်ကြည့်လာတဲ့ Lin ZiHong က။

"ဒါဆို... အောက်ဆိုင်ခန်းက မင်းဆိုင်ပေါ့"

Yang YuTeng မော်ချထားရမဲ့ အချိန်ပဲ။ မင်းထားခဲ့လည်း ငါက အောင်အောင်မြင်မြင် ဖြတ်သန်းနေတာပဲ။ တွေ့တယ်မလား။ ရည်မှန်းချက်ပါ အကောင်အထည်ဖော်နိုင်ပြီလို့ ဂုဏ်ဆာရမဲ့ အချိန်ဖြစ်တာကြောင့် ဝင့်ဝင့်ကြွားကြွားပြုံးကာ ခေါင်းညိတ်ပြလိုက်တယ်။

"ဟုတ်တယ်... ငါ့ဆိုင်"

ခပ်အေးအေး ပြုံးလာတဲ့ Lin ZiHong က။

OursWhere stories live. Discover now