"ဆုတောင်းပြီး မီးမှုတ်လိုက်ပါဦး"
ကြောင်ငေးနေမိတဲ့ သူ့ကို Lin ZiHong သတိပေးလာတော့မှ မျက်လုံးလေး အသာမှိတ်ကာ ဆုတောင်းပြီး မီးမှုတ်လိုက်ရတယ်။ သူ့ ဆုတောင်းကတော့ ပိုအဆင်ပြေတဲ့ နောက်တစ်နှစ်ကို ပိုင်ဆိုင်ရဖို့ပါပဲ။
#_#_#_#
မွေးနေ့ကို ကိတ်ကို တစ်စိပ်လောက် စားကြပြီး အခုတော့ ဝိုင်တစ်ခွက်စီ ငုံနေကြပြီ။ ကောင်းကင်ကို ငေးမောနေတဲ့ သူတို့နှစ်ယောက်ကြား အတွေးကိုယ်စီနဲ့ တိတ်ဆိတ်ငြိမ်သက်နေတယ်။
"SuWei အိပ်ပြီလား"
တိတ်ဆိတ်မှုကို သူကပဲ စတင်ဖြိုခွင်းလိုက်တယ်။ ရီဝေဝေဖြစ်နေတဲ့ Lin ZiHong က သူ့ကို လှည့်ကြည့်ပြီး ပြုံးကာ ခေါင်းညိတ်ပြတယ်။
"အိပ်ပြီ..."
"မင်းက တကယ်ကို အဖေတစ်ယောက်ဖြစ်နေပြီပဲ"
ကောင်းကင်ကို ပြန်ငေးကာ တစ်ဆက်တည်း ဟက်ခနဲ ရယ်တဲ့ Lin ZiHong က။
"သေးသေးလေးတုန်းကပဲ ကောင်းပါတယ်ကွာ... ဘာပဲ လုပ်ပေး လုပ်ပေး ငြိမ်နေတာ... အခုတော့ မင်း မြင်တဲ့အတိုင်းပဲ... သူက အဖေလား... ငါက အဖေလား မသိတော့ဘူး"
ခေါင်းတခါခါနဲ့ ပြောနေတဲ့ Lin ZiHong ကို ကြည့်ပြီး သူရယ်မိတယ်။ အရင်တုန်းက Lin ZiHong ရဲ့ ဒီလိုပုံစံကို သူလုံးဝ မတွေးဖူးခဲ့။ Lin ZiHong က သူ့ကို ပစ်ပြီး အိမ်ထောင်ပြုသွားခဲ့တယ်လို့ တွေးမိရင်တော့ ရင်နာရပေမဲ့ Lin ZiHong ရဲ့ ဖခင်တစ်ယောက် ပုံစံကို မြင်ရတော့လည်း သူ သဘောကျမိပါတယ်။
ကလေးရဲ့အမေက ဘယ်သူလဲ။ Lin ZiHong နဲ့ ဘယ်လိုအကြောင်းပါခဲ့လဲ။ Lin ZiHong က ဘယ်လောက်ထိ ချစ်ခဲ့လဲ။ Lin ZiHong သမီးဆိုတဲ့အတိုင်း Lin ZiHong နဲ့ ဆင်တဲ့ SuWei ရဲ့ အလှတရားတွေမှာ အဲ့ဒီအမျိုးသမီးရဲ့ အရိပ်အယောင်တွေရော ပေါင်းစပ်ပါနေသလား။
အဲ့ဒီအမျိုးသမီးက အခု ဘယ်ရောက်နေလဲ။ Lin ZiHong က ဘယ်အချိန်ကတည်းက ကလေးကို တစ်ယောက်တည်း ထိန်းကျောင်းနေတာလဲ။ ဝိုင်ရဲ့ တန်ခိုးတွေကြောင့်ပဲလား ပုံမှန်ဆို မတွေးမိအောင် ထိန်းခဲ့တဲ့ အတွေးတွေက တရစပ်ကို ဝင်လာတယ်။SuWei ရဲ့ ဖခင်၊ တခြားသူရဲ့အမျိုးသား ဖြစ်နေတဲ့၊ သူမပိုင်တော့တဲ့ Lin ZiHong ကို ငေးကြည့်ရင်း မျက်လုံးတွေ စိုစွတ်လာတယ်။ ဒီနေရာမှာ ကြာကြာ ဆက်နေဖို့ မဖြစ်တော့တာကြောင့်။
YOU ARE READING
Ours
Fanfiction‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိပါ။ စိတ်ကူးယဉ် Fan Fiction တစ်ပုဒ်သာ ဖြစ်သည်။‼️