သူ့ရဲ့ Life Goals လေးကို အသက် 30 အရွယ်မှာ အကောင်အထည်ဖော်နိုင်ခဲ့ပြီလို့ တွေးမိတော့ တစ်နေကုန် အိမ်အပြောင်းအရွှေ့ လုပ်နေရလို့ မောနေတဲ့ အမောတောင် ပြေသွားတယ်။
သူ့မျက်စိရှေ့က မကြာခင် ဖွင့်နိုင်တော့မဲ့ ဆိုင်ခန်းလေးကို ကြည့်ပြီး သူ ကျေနပ်စွာ ပြုံးလိုက်တယ်။ သူ့ဆိုင်ခန်းလေးက နှစ်ထပ်ရှိတဲ့ အဆောက်အဦးလေးရဲ့ မြေညီထပ်အခန်းပါ။ ဒီအခန်းလေးမှာ ကိုယ်ပိုင် ကော်ဖီဆိုင်လေးဖွင့်ဖို့ စီစဉ်ထားတယ်။ အပေါ်ထပ်တစ်ထပ်မှာလည်း သူ နေဖို့ အခန်းငှားထားသေးတယ်။ လောလောဆယ်တော့ ဆိုင်ခန်းရော လူနေအခန်းရော အငှားနဲ့ စခဲ့ပေမဲ့ ဒီအဆောက်အဦးလေးကို သဘောကျမိတာကြောင့် နှစ်ထပ်လုံး ပိုင်နိုင်ဖို့ကတော့ နောက်ထပ် Life Goals တစ်ခုပေါ့။
ဒီမြို့လေးက သူ့အတွက်တော့ အမှတ်တရများတယ်။ တက္ကသိုလ် ကျောင်းသားဘဝ အမှတ်တရတွေလည်း ရှိသလို၊ အသည်းကွဲခဲ့ဖူးတဲ့ အချစ်ဦးပုံပြင်လည်း ရှိတယ်။ အသည်းကွဲဖူးတဲ့ ဒီမြို့ကို အခြေချ ဆိုင်ဖွင့်ဖို့ ဘာလို့ ရွေးချယ်ရလဲ ထူးဆန်းကောင်း ထူးဆန်းနိုင်တယ်။ ဒါပေမဲ့ ဒီမြို့လေးမှာ တစ်နေ့ဆိုင်ဖွင့်ရမယ်ဆိုတဲ့ စိတ်ကူးက Lin ZiHong နဲ့ မတွေ့ခင်ကတည်းကပါ။ ဒီတော့ ဘာမဟုတ်တဲ့ ကလေးကလား အသည်းကွဲဒဏ်ရာကြောင့်တော့ ကနဦးရည်မှန်းချက်ကို မစွန့်လွှတ်နိုင်ဘူး။ အချစ်ဦးဆိုတာလည်း အသက် 30 ဖြစ်နေပြီဖြစ်တဲ့ သူ့အတွက် အဲ့လောက်လည်း အရေးမကြီးတော့ဘူး။
Yang YuTeng ဆိုတဲ့ သူက အဲ့လောက်လည်း မပျော့ညံ့ဘူး။
#_#_#_#
အောက်ထပ်မှာ Decoration လာ အချောသတ်တဲ့ ဝန်ထမ်းတွေ ရောက်နေပြီမို့ မနက်စာ ကပြာကယာ စားပြီး အောက်ထပ်ဆင်းဖို့ အခန်းပြင်ထွက်လာတယ်။
အဆောက်အဦးရဲ့ဖွဲစည်းပုံအရဆို သူ့အခန်းရဲ့ မျက်နှာချင်းဆိုင်မှာ သူ့အခန်းလိုပဲ လူနေအခန်းတစ်ခန်းရှိတယ်။ အခန်းနှစ်ခန်းရဲ့ ကြား လျှောက်လမ်းအဆုံးမှာ ဝရံတာရှိပြီး၊ ဝရံတာ ထောင့်လေးမှာမှ အောက်ကိုဆင်းတဲ့ လှေကားရှိတယ်။ လှေကားက အဆောက်အဦးရဲ့ အပြင်ဘက်ကို ထွက်နေတဲ့ ပုံစံမျိုး။
YOU ARE READING
Ours
Fanfiction‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိပါ။ စိတ်ကူးယဉ် Fan Fiction တစ်ပုဒ်သာ ဖြစ်သည်။‼️