"ငါတို့က သူတို့ ချစ်တာ ထိုင်ကြည့်ရမှာလား"
အနားကပ်လာပြီး အတင်းတုပ်တဲ့ Lin ZiHong ကို မသိမသာ တံတောင်နဲ့တွတ်ရတယ်။
"ကြားသွားဦးမယ်... ဘာဖြစ်နေတာလဲ"
သူ ပိတ်လိုက်မှ ဆက်မပြောတော့တဲ့ Lin ZiHong က စိတ်မရှည်ဟန်နဲ့ ရေပူစမ်းကန်ရဲ့ ဘောင်ပေါ် ဝိုင်ခွက်ကို ကောက်ငုံတယ်။
သူကသာ ကြားမှာ စိတ်ပူနေပေမဲ့ မျက်နှာချင်းဆိုင်က ဟိုတယ်ပိုင်ရှင်အတွဲကတော့ သစ်သီးခွံ့လိုက် ဝိုင်ခွက်တိုက်လိုက်နဲ့ အကြည်စိုက်လို့ မအားနိုင်ဘူး။
Luo Luo က သူ့ယောက်ျားရဲ့ဟိုတယ်ကို ဟိုတယ်လေးလို့ နှိမ့်ချပြောသွားပေမဲ့ တကယ်ကျတော့ ငါးထပ်အမြင့်ရှိတဲ့ Luxury Hotel ဖြစ်နေတာ။ ညနေကတည်းက ရောက်တဲ့သူတို့ကို Hotel Dinner လည်း ကျွေးပြီးပြီ။ အချိုလည်း တည်းပြီးလို့ အခု ရေပူစမ်းမှာ Luo Luo၊ Liqi တို့နဲ့ နှစ်တွဲပြိုင် ရေစိမ်နေကြတာ။
ဧည့်ဝတ်ကျေချင်တဲ့ Liqi တို့အတွဲက ဟိုတယ်စရောက်တည်းက ကြိုဆိုတဲ့အပြင် Double Date သဘောမျိုးနဲ့ တောက်လျောက်အတူ ရှိနေပေးတယ်။
Luo Luo တို့ သဘောကတော့ နှစ်တွဲလုံး ကိုယ်အာရုံနဲ့ကိုယ် လွတ်လွတ်လပ်လပ်နေကြဆိုတဲ့သဘောနဲ့ သူတို့မျက်စိရှေ့တင် ပူးကပ်အကြည်စိုက်နေကြပေမဲ့ သူကတော့ Lin ZiHong ကပ်လာရင်တောင် ဟန့်နေရတယ်။ Luo Luo တို့ဆိုတာ အခုမှ စရင်းနှီးတဲ့သူတွေမလား။ Lin ZiHong နဲ့ နှစ်ယောက်တည်းဆိုရင်သာ သဲချင်သဲ၊ ကဲချင်ကဲမယ်။ Luo Luo တို့ ရှေ့ကျ အဲ့လိုနေဖို့က သူ့အတွက် ခက်နေတယ်။ အဲဒီလို ထိန်းသိမ်းနေလို့ မကပ်ရတဲ့ Lin ZiHong တစ်ယောက်က စိတ်မရှည်ဖြစ်နေပြီ။
လောလောဆယ် မျက်စိရှေ့တင် ဝိုင်ခွက်ချင်း တိုက်ပြီး နှုတ်ခမ်းချင်း ဂဟေဆက်သွားတဲ့ အတွဲကြောင့် သူ မျက်နှာ လွှဲလိုက်မိတယ်။ ထိုအချိန်ဘေးနားက Lin ZiHong က။
"YU... ငါတို့ရော နမ်းကြမလား..."
"Lin ZiHong...!"
အတော်ကို ဂဏာမငြိမ်ဖြစ်နေတဲ့ Lin ZiHong ရဲ့ ဗိုက်သားကို အမြင်ကတ်ကတ်နဲ့ ထုချလိုက်တယ်။ ရေပြင်ကို ရိုက်မိတဲ့အသံနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ သူတို့ဘက်ကို Luo Luo တို့က အတွဲက လှမ်းကြည့်တယ်။ ရန်များ ထဖြစ်နေကြသလားပေါ့။
YOU ARE READING
Ours
Fanfiction‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိပါ။ စိတ်ကူးယဉ် Fan Fiction တစ်ပုဒ်သာ ဖြစ်သည်။‼️