10

114 15 9
                                    

Lin ZiHong ဖုန်းကြောင့် သူ ကုန်တိုက်ကနေ အမြန်ဆုံး ပြန်လာခဲ့ရတယ်။ ဆိုင်ရှေ့မှာ ရပ်နေတဲ့ Lin ZiHong ကို လှမ်းမြင်နေရတာ ပူလောင်ပြာယာခတ်နေမှန်း သိသာတယ်။

သူ Lin ZiHong နား အမြန်ရောက်အောင် ပြေးသွားလိုက်ပြီး။

"တွေ့လား ZiHong..."

"မတွေ့ဘူး... ငါ ဒီနားတစ်ဝိုက်တွေ အကုန်ရှာပြီးပြီ..."

သူလည်း သက်ပြင်းချလိုက်သလို Lin ZiHong မျက်နှာကလည်း တော်တော် ပျက်ယွင်းနေပြီ။ သူ Lin ZiHong ပခုံးကို ပုတ်ပေးပြီး တတ်နိုင်သလောက် အားပေးမိတယ်။

"ဒီနားတစ်ဝိုက်ပဲ ရှိမှာပါ... နောက်တစ်ခါလောက် ထပ်ရှာကြမလား..."

"အကုန် ရှာပြီးပြီ... မတွေ့ဘူး... ငါ ဘာလုပ်ရမလဲ... ဘာလုပ်ရမလဲ... ရဲစခန်း... ဟုတ်တယ် တိုင်ချက် ဖွင့်ရမယ်"

လှစ်ခနဲ လှည့်ထွက်ဖို့ လုပ်နေတဲ့ Lin ZiHong ကို သူလှမ်းဆွဲလိုက်တယ်။

"နေဦး... ZiHong... ငါ့ဆိုင်ရှေ့ကို မြင်ရတဲ့ CCTV တပ်ထားတယ်... SuWei သာ ဆိုင်ရှေ့ကို ဖြတ်သွားရင် တွေ့မှာပဲ... အရင် ကြည့်လိုက်"

Lin ZiHong သူ့ကို ခေါင်းညိတ်ပြတယ်။

#_#_#_#

ကမ်းခြေက ပြန်လာကြပြီး အသီးသီး အိမ်ပြန် ရေချိုးကြပြီးနောက် ဆိုင်ကလည်း ပိတ်လက်စ အားတာမို့ သူက ကုန်တိုက်ထွက်လာခဲ့တဲ့အချိန် ကလေးက သူ့ဆီ သွားမယ်ဆိုလို့ အလုပ်မပြတ်သေးတဲ့ Lin ZiHong က တစ်ယောက်တည်း အရင် လွတ်လိုက်သတဲ့။

သူ့ဆီလာတဲ့ ကလေးက သူ့အခန်းရော ဆိုင်ရော ပိတ်ထားတော့  ဘယ်ရောက်နေမှန်း မသိ။ ကြားထဲမှာ ပျောက်ဆုံး ဖြစ်နေပြီ။

"ဒီမှာ ဆိုင်ရှေ့မှာ ရပ်နေတာပဲ"

"ငါ့အခန်း ပိတ်ထားလို့ ဆိုင်ကို ဆင်းလာတာ ထင်တယ်"

လပ်တော့မျက်နှာပြင်မှာ ပေါ်နေတဲ့ ‌CCTV က ပုံရိပ်ကို သူတို့ ကြည့်တုန်း SuWei အနား လူတစ်ယောက် ထပ်ရောက်လာတယ်။ ဒီလူက CCTV မှာ မြင်ရသလောက် အသားဖြူဖြူ ခပ်တောင့်တောင့် လူတစ်ယောက်ပဲ။ ဝတ်ပုံစားပုံကလည်း သန့်သန့်ပြန့်ပြန့်နဲ့ ညနေစောင်းကို နေကာမျက်မှန်တစ်လက်လည်း တပ်ထားသေးတယ်။

OursWhere stories live. Discover now