13

112 13 18
                                    

"ဟိုနေ့က ကိစ္စ တကယ်အားနာပါတယ်ဗျာ"

"ရပါတယ်... နားလည်မှုလွဲကြတာပဲ... ကျွန်တော်က လာအားမပေးတော့မှာတောင် စိုးရိမ်နေတာ"

Luo Luo မှာထားတဲ့ ထုပ်ပိုးပြီးသား မုန့်ကို ကမ်းပေးရင်း ပြုံးကာ တုံ့ပြန်လိုက်တယ်။ Luo Luo က သူ့ကို အားတောင့်အားနာ ပြန်ပြုံးပြလာတော့ အမျိုးသားဆိုသူ မပါလာကို သတိရသွားတယ်။

"အမျိုးသားရော မပါဘူးလား..."

"ဟုတ်တယ် မပါဘူး... သူက ဟိုတယ်လေးတစ်ခု ဖွင့်ထားတော့ မအားဘူး... ကျွန်တော်က သူနဲ့ လက်ထပ်ပြီး သူ့အလုပ်ရှိတဲ့ ဒီမြို့ကို လိုက်နေတာ..."

Luo Luo စကားကို ကြားတော့ သူ့စိတ်ထဲ ဘာမှန်းမသိ ကြည်နူးမိတယ်။ သူလည်း တစ်နေ့တော့ Lin ZiHong နဲ့ လက်ထပ်ဖြစ်မလား ဆိုတဲ့ အတွေးလေးနဲ့ပေါ့။

ကိုယ့်အတွေးနဲ့ကိုယ် ပြုံးနေတဲ့သူ့ကို Luo Luo က။

"ဒါနဲ့... YuTeng ကရော ဒီမြို့ခံပဲလား..."

"မဟုတ်ပါဘူး... ကျွန်တော်လည်း ဒီဆိုင်လာဖွင့်တာပါ..."

"အော်... နေတာကရော... ဟိုတစ်ခါပြောတာ ကလေးအဖေသူငယ်ချင်းနဲ့ အပေါ်ထပ်မှာ နေတာဆိုလား..."

"သူငယ်ချင်းနဲ့ မဟုတ်ပါဘူး..."

ရုတ်တရက်ထွက်‌ပေါ်လာတဲ့ အသံကြောင့် သူရော Luo Luo ရော ကြည့်မိတော့ ကောင်တာအတွင်းထိကို ပိုင်စိုးပိုင်နက် ဝင်လာတဲ့ Lin ZiHong က သူ့ကို ပခုံးဖက်ကာ စကားကို ဆက်တယ်။

"ချစ်သူနဲ့ နေ‌တာပါ"

သဘောပေါက်သွားတဲ့ Luo Luo က မျက်ခုံးကို ပင့်ပြီး။

"အော်... ဟုတ်ကဲ့... သဘောပေါက်ပြီ"

ပြုံးစိစိလုပ်နေတဲ့ Lin ZiHong ကို သူ တံတောင်နဲ့ တွတ်လိုက်ပြီး Luo Luo ကို ရှက်ပြုံးလေး ပြုံးပြလိုက်ရတယ်။

#_#_#_#

"ဘာလို့ ဟိုလူကို သူငယ်ချင်းလို့ ပြောတာ"

ဆိုင်ပိတ်ခါနီး စာရင်းချုပ်နေတဲ့ သူ့နားမှာ လာထိုင်နေတဲ့ Lin ZiHong ကတော့ မေးထောက်ကြည့်ပြီး ရစ်နေပြီ။

"ဘယ်လူလဲ"

Lin ZiHong ရစ်နေမှန်း သိတာကြောင့် မော့မကြည့်ပဲ မသိချင်ယောင်ဆောင်ပြီး ပြန်ရစ်လိုက်တယ်။

OursWhere stories live. Discover now