Unicode
မြို့လယ်ရှိ shopping centerတစ်ခု၏ တစ်နေရာ...
ကျောပိုးအိတ်ကို ပခုံးပေါ် တစောင်းလွယ်ထားသည့် ကျောင်းသားလူငယ်လေးတစ်ယောက်...
ချောကလက်နှင့်သက်ဆိုင်သည့် သွားရည်စာမုန့်မျိုးစုံကို အစီအရီတင်ထားလေတဲ့ လူတစ်ရပ်ကျော်စာ စင်တစ်ခုအနား အဲဒီကျောင်းသားလေး ဝေ့လည်ကြောင်ပတ်ဖြစ်နေသည်မှာ မိနစ်အတော်ကြာေပပြီ။ သူက တကယ်တော့ သူ့ရှေ့မှာတွေ့နေရတဲ့ အမျိုးအစားစုံ ချောကလက်ဘူးတွေကြား ဝေခွဲရခက်နေရခြင်းသာ။
ယနေ့သည် ချစ်သူများနေ့ဖြစ်သည်။
သူကြိတ်ပြီးသဘောကျနေရသည့် အတန်းဖော်ကောင်မလေးကို အကောင်းဆုံးချောကလက်လေး ပေးနိုင်ဖို့ ကောင်လေးက ကြိုးစားရွေးချယ်နေသည်။ကောင်လေးရဲ့ဆံပင်တွေက ခပ်ရှည်ရှည်။ တစ်ဝက်လောက်ကို pony tailပုံစံ လျော့တိလျော့ရဲ စည်းနှောင်ထားပြီး ၊ ကျန်တဲ့ဆံစတချို့ကိုတော့ ဂုတ်ဖြူဖြူပေါ် သဘာဝဆန်ဆန်ကြည့်ကောင်းအောင် ချထားသည်။ အတွင်းဘက်က ဆံသားတို့ကို highlight ဖောက်ထားတာမို့ တစွန်းတစပေါ်နေသည့် မဲနယ်ရောင်ဆံစတွေက ကောင်လေးရဲ့ဂုတ်သားနုနုနဲ့ သိပ်လိုက်ဖက်နေသည်မှာအမှန်။
နားထဲထည့်ထားသည့် နားကြပ်ဆီက ခပ်မြူးမြူးသံစဥ်အတိုင်း ကောင်လေးရဲ့ခေါင်းဟာ တလှုပ်လှုပ်။
ဘုတ်!
ဝန်ထမ်းကောင်မလေးတစ်ယောက်သည် သူမ သယ်လာသည့်ကတ်ထူပုံးခပ်ကြီးကြီးကြောင့် အရှေ့ဘက်ကို ကောင်းစွာမမြင်ရသည်မို့ မရည်ရွယ်ပါဘဲနှင့် ကောင်လေးဆီ တည့်တည့်ကြီး တိုးမိသွား၏။
"အာ ဆောရီး ဆောရီး...ေတာင်းပန်ပါတယ် အစ်မမမြင်လို့ပါနော်"
ကျောင်းသားလေးသည် နားကြပ်ဆီက သီချင်းသံကြောင့် သူမ၏ စကားသံကို သဲသဲကွဲကွဲမကြားရသည့်တိုင် နှုတ်ခမ်းလှုပ်ရှားပုံအရတော့ တောင်းပန်နေမှန်း ခန့်မှန်းနိုင်သည်မို့ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ကာပြုံးပြလိုက်သည်။
ဝန်ထမ်းမိန်းကလေးသည် အသက်အရွယ် အရမ်းကြီးပုံမပေါ်သော်ငြား ၊ ကျောင်းသားလေးထက်တော့ အနည်းငယ် အသက်ပိုကြီး၏။ သူမက ကတ်ထူပုံးကြီးတကားကားနှင့်ပင် ကျောင်းသားလေးကို ကျော်တက်သွားပြီးနောက် ၊ တော်တော်လှမ်းလှမ်းဆီအရောက်တွင် နောက်ထပ်အမျိုးသမီးကြီးတစ်ဦးကို ထပ်တိုက်မိပြန်သည်။
YOU ARE READING
The Apocalypse (Completed)
Fanfictionကမ္ဘာပျက်ကပ်ဘေးကြီးတစ်ခုနဲ့ အမှတ်မထင်ကြုံကြိုက်လိုက်ရတယ်ဆိုပါစို့~ ကမ္ဘာပျက်ကပ်ဘေးကြီးတစ်ခုနဲ့ အမှတ်မထင်ကြုံကြိုက်လိုက်ရတယ်ဆိုပါစို့~ Junzhe