Unicode
အရာဝတ္ထုတို့၏ တွန်းတိုက်ပြုတ်ကျသံတို့သည် တိတ်ဆိတ်နေသည့်လေထုထဲ သိသာစွာပျံ့လွင့်လာ၏။ ထိုအသံတို့သည် ထိန်းချုပ်ခန်းတံခါးချပ်နှင့်အနီးဆုံးနေရာတွင် အိပ်မောကျနေ
သည့်ကုန်းကျွင့်အား လှုပ်နှိုးနိုင်ခဲ့သည်။မျက်လုံးတို့ကို အလျင်စလိုဖွင့်ဟလိုက်ပြီးနောက် သုံးစက္ကန့် လေးစက္ကန့်မျှအကြာတွင် ကုန်းကျွင့်သည် အကြောင်းတစ်စုံတစ်ရာအား သိရှိသွားရတော့သည်။
ထိန်းချုပ်ခန်း၏ လေဝင်ပေါက်ငယ်ကိုဖြတ်ကာ ဖြာကျနေသည့် လရောင်မှိန်မှိန်ကလွဲ၍ သူ၏အမြင်အာရုံထဲတွင် အမှောင်ထုကိုသာ တွေ့မြင်နေရ၏။ အဆုံးတွင်တော့ လျှပ်စစ်ဓာတ်အားသည်လဲ ပြတ်တောက်သွားလေပြီ!
မှိန်ပျပျလရောင်သည် အလင်းဓာတ်အား အလုံအလောက်မပေးစွမ်းနိုင်သည်မို့ ပိန်းပိတ်နေသည့်အမှောင်ထုသည် ထိန်းချုပ်ခန်းငယ်ထဲတွင် ပြည့်သိပ်စွာ နေရာယူထား၏။ အပြင်ဘက်တွင်မူ ဆူညံသံတို့က အစီအစဥ်မကျစွာထွက်ပေါ်နေဆဲပင်။
ကုန်းကျွင့်သည် ဖုန်းကိုအလျင်စလို ထုတ်ယူလိုက်ပြီး flashမီးကို ဖွင့်လိုက်သည်။ စူးရှသည့် အလင်းတပျသည် ထိန်းချုပ်ခန်းငယ်ထဲ ရုတ်တရက်ရောက်ရှိသွား၏။
အချိန်သည် မနက်၁နာရီခွဲရန် မိနစ်အနည်းငယ်မျှ လိုသေးသည့်ကာလဖြစ်သည်။ ကုန်းကျွင့်၏ လက်ကိုင်ဖုန်းသည် battery percentage 59%သို့ ရောက်နေပေပြီ။
"အင်း...ဟင်? မီးပျက်သွားတာလား?"
ကျန်းကျယ်ဟန့်သည် အမှောင်ယံထဲတွင် စူးရှစွာထွက်ပေါ်နေသည့် မီးအလင်းရောင်ကြောင့် မျက်မှောင်ကျုံ့ကာ ညည်းညူရင်းဖြင့် ဗလုံးဗထွေးအမေးဆိုလာ၏။
၄င်းသည် အဖြေတကူးတကလိုအပ်သည့် မေးခွန်းမျိုးတော့မဟုတ်ခဲ့ပါချေ။
ဝုန်း!
အရာဝတ္ထုတို့ ဝရုန်းသုန်းကားပြုတ်ကျသည့်အသံသည် တစ်ကြိမ်ပြီးတစ်ကြိမ်ဆက်တိုက်ထွက်ပေါ်လာပြန်၏။
ကုန်းကျွင့်က မတိုးမကျယ်ရေရွတ်လိုက်သည်။
"မြေညီထပ်မှာ ကျွန်တော်တို့အပြင် တခြားတစ်ယောက်ယောက်ရှိနေပြီ"
YOU ARE READING
The Apocalypse (Completed)
Fanfictionကမ္ဘာပျက်ကပ်ဘေးကြီးတစ်ခုနဲ့ အမှတ်မထင်ကြုံကြိုက်လိုက်ရတယ်ဆိုပါစို့~ ကမ္ဘာပျက်ကပ်ဘေးကြီးတစ်ခုနဲ့ အမှတ်မထင်ကြုံကြိုက်လိုက်ရတယ်ဆိုပါစို့~ Junzhe