Unicode
ဒီ liveကနေ ထွက်မသွားနဲ့ဦးနော်...
ကျွန်တော်ဘာတွေ့ထားလဲဆိုတာ အားလုံးကိုပြောပြမယ်"ဟမ်းး ငကြောင်ကောင်"
ယွင်ဖေးသည် ဖုန်းမျက်နှာပြင်ဆီကြည့်ရင်းဖြင့် တိုးလျလျ ရေရွတ်လိုက်သည်။ သူမ၏မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အမူအရာတို့က အထင်းသား။
ခဏလေး...အာ...ဟုတ်ပြီ ဒီဟာ
ပုံတုံးတုံးနှင့် အမျိုးသားတစ်ဦးသည် liveမှတစ်ဆင့် အကြောင်းအရာတစ်ခုကို မျှဝေရန်ကြိုးစားနေ၏။ သူသည် နီးစပ်ရာ ပန်းအိုးငယ်တစ်ခုကို ဆွဲယူလိုက်ပြီးနောက် သူ၏အိမ်တံခါးအား အသာဖွင့်ဟလိုက်သည်။
*သေချင်နေတာလား
*မင်းသေတာကြီးကို ငါတို့liveထိုင်မကြည့်နိုင်ဘူးနော်
*အတန်ရှည်ရှာမနေနဲ့
*ငါဆက်မကြည့်ရဲတော့ဘူး outပြီ
comment sessionသည်ကား commentပေါင်းစုံဖြင့် စည်ကားလျက်။
live၏ hostဖြစ်သူအမျိုးသားသည် အိမ်အပြင်သို့ရောက်ရှိသွားပြီဖြစ်ပြီး ၊ လမ်းမပေါ်တွင် တုံဏှိဘာဝေဖြင့် သွားလာနေကြသည့် zombieများအား အခြားသူများ မြင်ရစေရန် ဖုန်းဖြင့် ဝေ့ယမ်းရိုက်ကူးပြနေ၏။
ထို့နောက် ထိုအမျိုးသားသည် မတိုင်မီက ယူဆောင်လာသည့် ပန်းအိုးငယ်အား သူ၏အရှေ့ဘက် ၁၀ပေကျော်ကျော်မျှ အကွာအဝေးသို့ ပစ်ပေါက်ချခွဲပစ်လိုက်တော့သည်။
ခွမ်း! !
*အိုးမိုင်ဂေါ့ အဲ့ကောင်ရူးသွားပြီလား?
*ငါ့ရဲ့နေ့လည်စာကို ကောင်းကောင်းဆက်စားချင်သေးတယ်...outပြီ သောက်ရူးကောင်ရေ
*မင်းမေ
*RIP bro
ခွမ်းခနဲအသံ၏ နောက်တွင်တော့ အရွယ်စုံ ၊ ပုံပန်းစုံသည့် zombieတို့သည် ကျယ်လောင်စွာ မာန်ဖီအော်ဟစ်ရင်းဖြင့် ထိုအမျိုးသား၏ တည့်တည့်ဆီသို့ ဒုန်းစိုင်းကာ ပြေးလွှားလာကြတော့သည်။ အမျိုးသားသည်ကား တုန်လှုပ်ထိတ်လန့်နေသည့်တိုင် ဖုန်းကိုကိုင်ရင်းဖြင့် ထိုနေရာတွင်ပင် မလှုပ်မယှက် ကျောက်ချကာ ရပ်နေဆဲ။
YOU ARE READING
The Apocalypse (Completed)
Fanfictionကမ္ဘာပျက်ကပ်ဘေးကြီးတစ်ခုနဲ့ အမှတ်မထင်ကြုံကြိုက်လိုက်ရတယ်ဆိုပါစို့~ ကမ္ဘာပျက်ကပ်ဘေးကြီးတစ်ခုနဲ့ အမှတ်မထင်ကြုံကြိုက်လိုက်ရတယ်ဆိုပါစို့~ Junzhe