Unicode
ဂျလောက်!
လက်ကိုင်ဘုမှထွက်ပေါ်လာသည့် တိုးလျလျအသံသည် တံခါးချပ်တစ်ဖက်ရှိ လျှောက်လမ်းပေါ်မှ zombieအချို့၏အာရုံအား ဖမ်းယူလိုက်နိုင်၏။
ထျန်ဖန်းသည် သုံးလွှာ၏ တံခါးချပ်အား သတိချပ်ကာ အနည်းငယ်မျှ ဖွင့်ဟလိုက်ချိန်တွင်...ပြီးခဲ့သည့်စက္ကန့်ပိုင်းလောက်က ထွက်ပေါ်သွားသည့် 'ဂျလောက်'ဟူသည့် အသံငယ်ကြောင့် တံခါးချပ်နားဆီမျက်နှာမူကာ စူးစမ်းနေသည့် သွေးရဲပြာနှမ်းနေသော zombieတစ်ကောင်၏ မျက်နှာကြီးအား မမျှော်လင့်ဘဲ ရုတ်တရက်တွေ့လိုက်ရတော့သည်။
သူသည် ထိတ်လန့်အံ့ဩမှုကြောင့် မအော်မိစေရန် မနည်းကြီးကြိုးစားထိန်းချုပ်လိုက်ရပြီး ၊ တံခါးချပ်ကိုလဲ အပြည့်ဆွဲဖွင့်ရမလို ၊ သို့တည်းမဟုတ် ပြန်စေ့ပိတ်ရမလို...ဝေခွဲရခက်သွားသည်။
သို့သော် တံခါးချပ်အား အပြည့်ဆွဲဖွင့်သည်ဖြစ်စေ ၊ ပြန်ပိတ်သည်ဖြစ်စေ...အကယ်၍ အသံတစ်စုံတစ်ရာထပ်မံထွက်ပေါ်သွားပါက လျှောက်လမ်းရှိ များစွာသော zombieတို့သည် လှေကားဘက်ဆီ အတင်းတိုးဝင်တိုက်ခိုက်လာကြမည်ဖြစ်ပြီး ၊ လက်ရှိ ဤနေရာသည်လဲ သူတို့၆ဦးအတွက် ထွက်ပြေးဖို့ ပြေးလမ်း မချောင်ချိသည့်အတွက် ထိုသို့သာဖြစ်လာပါက အန္တရာယ်အလွန်များနိုင်ပေသည်။
ထျန်ဖန်းသည် လက်ကိုင်ဘုပေါ် လက်တင်ရက်သားဖြင့် ကျောက်ရုပ်ပမာငြိမ်သက်နေခဲ့သည်။ တံခါးချပ်နားရှိ zombieသည် အနည်းငယ်ပွင့်ဟနေသည့်နေရာမှတစ်ဆင့် အတွင်းဘက်ဆီသို့ စူးစမ်းနေပုံရသည်။ ၄င်းသည် တံခါးအဟကြားထဲ ခေါင်းဝင်ရန် ကြိုးပမ်းနေ၏။ သို့သော် ၄င်း၏အမြင်အာရုံသည် အစောတည်းက ပျက်စီးသွားနှင့်ပြီဖြစ်ရာ နောက်ထပ်အသံတစ်စုံတစ်ရာမပြုမချင်း တံခါးနှင့် အနီးဆုံးတွင်ရှိနေသည့် ထျန်ဖန်းနှင့် ကုန်းကျွင့်တို့ကို မြင်နိုင်လိမ့်မည်မဟုတ်ပါချေ။
သို့သည့်တိုင် ထိုနှစ်ဦးသားမှာတော့ ထိတ်လန့်တုန်လှုပ်စွာဖြင့် ချွေးစေးတို့ ဝေ့သီနေပြီဖြစ်သည်။ ကျန်လူတို့သည်ကား တံခါးချပ်တစ်ဖက်ရှိ အခြေအနေကို မသိရှိကြသေးသည့်အလျောက် ထိုနှစ်ဦးသား၏ တောင့်ခဲနေသည့်အမူအရာကိုကြည့်ရင်း အကြောင်သားဖြစ်သွားကြရှာ၏။
YOU ARE READING
The Apocalypse (Completed)
Fanfictionကမ္ဘာပျက်ကပ်ဘေးကြီးတစ်ခုနဲ့ အမှတ်မထင်ကြုံကြိုက်လိုက်ရတယ်ဆိုပါစို့~ ကမ္ဘာပျက်ကပ်ဘေးကြီးတစ်ခုနဲ့ အမှတ်မထင်ကြုံကြိုက်လိုက်ရတယ်ဆိုပါစို့~ Junzhe