Unicode
zombieကပ်ဘေးကြီး စတင်ပြီးနောက် ၅နာရီအကြာ၌ droneများမှတစ်ဆင့် ရိုက်ကူးထားသည့် မြို့တွင်းအခြေအနေတို့သည် လူမှုကွန်ရက်တွင် အထိုက်အလျောက် ပျံ့နှံ့လာ၏။
virusနှင့်ပတ်သက်သည့် ဓာတ်ခွဲစစ်ဆေးမှုတို့အား အနည်းအကျဥ်းမျှပင် မပြုလုပ်ရသေးသည့်အလျောက် မြို့တွင်းရှိ zombieအရေအတွက်သည် ရာချီမှ ထောင်ချီအထိရှိလာပြီး ဆက်လက်တိုးပွားဆဲဖြစ်ကြောင်း droneမှ ရရှိသည့် video clipများမှတစ်ဆင့် သိရှိလိုက်ရတော့သည်။
ရုပ်မြင်သံကြားတွင်မူ ပြည်တွင်းပြည်ပလေကြောင်းခရီးစဥ်များအား အကန့်အသတ်မရှိ ပိတ်ပင်ရွှေ့ဆိုင်းကြောင်းနှင့် ၊ ကယ်ဆယ်ရေးအစီအစဥ်တို့ စတင်ရန် အနည်းငယ်မျှကြန့်ကြာနိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် ဘေးကင်းရာနေရာတို့တွင် သတိဖြင့် ပုန်းအောင်းနေထိုင်ပါရန် ၊ နေအိမ်တွင် ရှိနေပြီးသူများအနေဖြင့်လဲ နေအိမ်ပြင်ပသို့ မထွက်ကြပါရန် စသည်ဖြင့် ကြေညာမှုများ ရှိလာ၏။
သို့သော်ငြား ယနေ့သည် ချစ်သူများနေ့ဖြစ်သည်မဟုတ်ပါလား?
များစွာသောလူတို့သည် မနက်ခင်းအချိန်အခါ စတင်လာကတည်းက ၄င်းတို့၏ ချစ်သူများနေ့ အမှတ်တရအစီအစဥ်တို့အား အကောင်အထည်ဖော်ရန် လမ်းမပေါ် ထွက်လာကြသည်ဖြစ်ရာ ကပ်ဘေးကြီးစတင်ချိန်၌ မြို့ရှိ လူဦးရေ၏ ထက်ဝက်ကျော်ရာခိုင်နှုန်းသည် လမ်းမတို့ထက် ရောက်နှင့်နေပြီးသားပင်ဖြစ်လေသည်။
ထို့ကြောင့် ဤဝရုန်းသုန်းကားအခြေအနေအတွင်း များစွာသောလူတို့သည် zombieတို့၏ တစ်စစီကိုက်ဖြဲစားသောက်ခြင်းကို ခံကြရပြီး ၊ နောက်ထပ်များစွာသောလူတို့ကမူ အကုိက်ခံရမှုကြောင့် zombieအဖြစ်သို့ ကူးပြောင်းသွားကြရသည်။
ထို့အပြင် ပွဲလန့်တုန်း ဖျာခင်းတတ်သူတို့သည် ဗရမ်းဗတာအခြေအနေတို့ကြား ပေါ်ထွက်လာတတ်သည်မှာ ထုံးစံပင်ဖြစ်သည့်အလျောက် လက်ရှိဖြစ်ပေါ်နေသည့်ကပ်ဘေးဆီမှ အမြတ်ထုတ်လိုသည့် Vloggerအချို့ ရှိလာကြပြီး ၊ အကျိုးဆက်အနေဖြင့် လူငယ်အချို့သည် ကပ်ဘေးအပေါ် အနည်းငယ်ပေါ့ပျက်စွာ တွေးတောလာကြတော့သည်။
YOU ARE READING
The Apocalypse (Completed)
Fanfictionကမ္ဘာပျက်ကပ်ဘေးကြီးတစ်ခုနဲ့ အမှတ်မထင်ကြုံကြိုက်လိုက်ရတယ်ဆိုပါစို့~ ကမ္ဘာပျက်ကပ်ဘေးကြီးတစ်ခုနဲ့ အမှတ်မထင်ကြုံကြိုက်လိုက်ရတယ်ဆိုပါစို့~ Junzhe