-6-

326 60 17
                                    

Unicode

'ကျွန်တော့်ဘာသာလုပ်ပါ့မယ်'

ဟူသည့်စကားအား ကျန်းကျယ်ဟန့်၏နှုတ်ဖျားမှ လေးကြိမ်မြောက်အဖြစ် ပြောလိုက်ပြီးချိန်တွင် ကုန်းကျွင့်၏ဆေးလိမ်းပေးခြင်းအမှုမှာ ပြီးစီးသွားတော့သည်။

အသားချင်းထိတွေ့ရခြင်းအား မနှစ်သက်တတ်သူဖြစ်သည့်အလျောက် ပေါင်လယ်လောက်သာရှိသည့် အဖြူရောင်ဘောင်းဘီတိုလေးသာ ဝတ်ဆင်ထားသော ကျန်းကျယ်ဟန့်၏ အဝတ်ကပ်မနေသည့် ပေါင်သားဖွေးဖွေးတို့သည်...ကုန်းကျွင့်မှ ဒူးရှိ ဒဏ်ရာဟောင်းနေရာဆီ ဆေးလိမ်းပေးနေစဥ်တစ်လျှောက်လုံးအတွင်း ကြက်သီးဖုသေးသေးလေးများဖြင့် ပလုံစီနေခဲ့လေသည်။

ကျန်းကျယ်ဟန့်သည် မတိုင်မီက သူ၏ခြေထောက်တို့ကို အပြင်းအထန် အလုပ်ပေးခဲ့ရသည်ဖြစ်ရာ ဒဏ်ရာဟောင်းနေရာက ပြန်နာလာခဲ့သည်။

သို့သော်ငြား ကုန်းကျွင့်က အစားအသောက်အပြင် အခြားလိုအပ်လောက်မည့် ဆေးဝါးတို့ကိုပါ အိတ်ထဲထည့်ယူလာသည့်အတွက် သူ့အနေနှင့် ကံကောင်းသွားသည်ဟု ဆိုရပေမည်။

အားလုံးပြီးစီးသည့်နော​က် ကုန်းကျွင့်သည် pain relief sprayဘူးအား ဘေးချလိုက်ပြီး ၊ လက်ဖဝါးနှစ်ဖက်ကို အချင်းချင်း နေရာအနှံ့ ပွတ်သပ်လိုက်ရင်းဖြင့် လက်ပေါ်တွင် တင်ကျန်နေဆဲဖြစ်သည့် ဆေးရည်အနည်းငယ်အား အလဟဿမဖြစ်စေရန်ကြိုးပမ်းလိုက်သည်။

"ဘောင်းဘီကတော့ ခဏလောက်နေပြီးမှပဲ ပြန်ဝတ်လိုက်ပေါ့"

ကျန်းကျယ်ဟန့်၏မျက်နှာသည် အားနာစိတ်ရော ၊ ရှက်ရွံ့စိတ်ရောကြောင့် အနည်းငယ်နီရဲနေခဲ့သည်။

"အဟမ်း...ဟုတ်ကဲ့ အားနာလိုက်တာ တကယ်တော့ ဆေးက ကျွန်တော့်ဘာသာလိမ်းရမှာကို...ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်"

သူသည် ခေါင်းငုံ့ထားကာ စကားဆိုလိုက်ရင်းမှ အချင်းချင်းပွတ်သပ်နေသည့် ကုန်းကျွင့်၏ လက်ချောင်းတို့ထံ အကြည့်ရောက်သွားရလေသည်။

ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး ဘာဖြစ်လို့ လက်ကဒီလောက်တောင် လှရတာလဲ? ပြီးတော့...သောက်ကျိုးနည်းလောက်အောင် နုဖတ်နေတာပဲ!

The Apocalypse (Completed)Where stories live. Discover now