-Final-

566 66 16
                                    

Unicode

ဂျွတ်! ဂျွတ်!

အရုိးအဆစ်တို့၏ကျွတ်ဆတ်ဆတ်အသံသည် လှေကားထစ်တစ်လျှောက်ရှိ အမှောင်ထုထဲတွင် ခပ်ကျယ်ကျယ်ထွက်ပေါ်၏။

လှေကားထိပ်မှပြုတ်ကျခဲ့ဟန်ရသည့် သက်လတ်ပိုင်းအရွယ်အလောင်းကောင်တစ်ခုသည် အနောက်ဘက်သို့ ၃၆၀ဒီဂရီလိမ်ကျိုးနေသည့် ၄င်း၏ဇက်အား တဖြေးဖြေးဖြင့် မူလအနေအထားသို့ရောက်ရှိစေလိုက်သည်။ ပြန်လည်တည့်မတ်ပြီးသွားသည့်နောက်တွင် ထိုအလောင်းကောင်၏ဦးခေါင်းသည် တစ်စုံတစ်ခုသောအကြောင်းအရာကြောင့် တဆတ်ဆတ်ခါယမ်းနေခဲ့၏။

ဂျွတ်! ဂျွတ်! ဂျွတ်!

သိပ်မကြာမီတွင် ထိုတဂျွတ်ဂျွတ်အသံတို့သည် လှေကားထစ်တစ်လျှောက် နေရာအနှံ့ဆီမှ ဆက်တိုက်ထွက်ပေါ်လာတော့သည်။ ကျိုးကြေပျက်စီးသွားသည့်ကိုယ်ခန္ဓာအစိတ်အပိုင်းတို့သည် နေရာတကျပြန်ဖြစ်ကုန်ပြီး ၊ ပကတိရှင်းလင်းနေသည့်အမြင်အာရုံတို့နှင့်အတူ မတိုင်မီမိနစ်အနည်းငယ်လောက်က ကုန်းကျွင့်နှင့် ကျန်းကျယ်ဟန့်တို့နှစ်ဦးသားထံတွင် အရေးနိမ့်ခဲ့ကြသည့် zombieတို့သည် ပြန်လည်အားပြည့်လာကြလေပြီ။

သေဆုံးပြီးနောက် ကျန်ရစ်သည့်ခန္ဓာအား အလောင်းကောင်ဟု သမုတ်ကြ၏။
သို့ဆိုလျှင် နောက်ထပ်တစ်ကြိမ် သေရွာအပို့ခံလိုက်ရသည့် အလောင်းကောင်တို့ကိုမူ မည်ကဲ့သို့အမည်တပ်ရပါမည်နည်း။

အဆုံးတွင်တော့ အသက်မရှိတော့သည့် အသားတုံးတစ်တုံးအား ဓားဖြင့် အကြိမ်ကြိမ်ထိုးဆွခုတ်ဖြတ်နေခြင်းသည် အင်အားဖြုန်းတီးသည့်လုပ်ရပ်တစ်ခုသာဖြစ်ပြီး ၊ အလောင်းကောင်ဟူသည်လဲ သေဆုံးပြီးသားအသားစိုင်ကြီးတစ်ခုသာဖြစ်သည့်အလျောက် ၄င်းအား နောက်တစ်ကြိမ်ထပ်မံသတ်ဖြတ်ခြင်းမှာလဲ အင်အားကိုဖြုန်းတီးနေခြင်းသာဖြစ်လိမ့်မည်။

အဘယ်ကြောင့်ဆိုသော် အလောင်းကောင်တို့သည် နောက်ထပ်တစ်ကြိမ်ထပ်မံမသေဆုံးနိုင်တော့သည်မို့။

----------------------------

"ရှူး"

တရှပ်ရှပ်အသံအချို့နှင့် မာန်ဖီအော်ဟစ်သံတို့သည် အဝေးတစ်နေရာမှ တဖြေးဖြေးနှင့် နီးကပ်လာ​ေနသည်ကို သတိထားမိလိုက်သည့်နောက် ကုန်းကျွင့်သည် ကျန်းကျယ်ဟန့်နှင့် ယွင်ဖေးတို့ထံ အသံတိတ်ပါရန် အချက်ပြ
လိုက်၏။

The Apocalypse (Completed)Wo Geschichten leben. Entdecke jetzt