Intro..(Uni)

10.4K 168 2
                                    

Unicode

"ကိုယ်မင်းကိုချစ်တယ်.. ကိုယ်မနေ့ကသိခဲ့တဲ့တစ်ယောက်အဖြစ်၊ ဒီနေ့ကိုယ်သိနေတဲ့တစ်ယောက်အဖြစ်..ပြီးတော့မနက်ဖြန်ကိုယ်သိရအုံးမယ့်တစ်ယောက်အဖြစ်နဲ့ မင်းကိုချစ်တယ်

မင်း၊ကိုယ့်ကိုဖုံးကွယ်ထားခဲ့တဲ့ လှိူ့ဝှက်ချက်တွေကတောင် မင်းအပေါ်ထားတဲ့အချစ်ကိုပြောင်းမပစ်နိုင်လောက်တဲ့အထိ.."

.....

"ယန့်ကျီ ကိုယ်မင်းနှလုံးသားကိုအပိုင်ရဖို့ ဘာတွေများလုပ်ရမလဲ"ယိဖုန်းပင့်သက်တစ်ချက်ရှိုက်ရင်းမေးလိုက်တယ်။

သူ့မေးခွန်းကိုကြားတော့ယန့်ကျီဟာ ထူးထူးဆန်းဆန်းလိုကြည့်ရင်း ရယ်နေတယ်။

"ကျွန်မမှာတောင်နှလုံးသားမရှိတာ ရှင်ကဘယ်တစ်ခုကိုများအပိုင်ရချင်နေတာတဲ့လဲ" ယန့်ကျီတစ်ယောက် တခစ်ခစ်ရယ်ရင်းမေးလိုက်တယ်။

"မင်းမှာနှလုံးသားမရှိဘူးဟုတ်လား"ယိဖုန်းဟာသူ့ရဲ့စကားတွေကိုပဲ တန်ပြန်မေးလိုက်တယ်။

"မင်းဘာလို့ဒီလိုပြောရတာလဲ၊ကိုယ်လည်းတစ်ချိန်က ကိုယ့်မှာနှလုံးသားမရှိဘူးလို့ ထင်ခဲ့ဖူးတာပဲ၊ဒါပေမယ့် အခုတော့အားလုံးက ကိုယ်ဘယ်လိုခံစားရတယ်ဆိုတာကိုဖုံးကွယ်လှည့်စားဖို့လုပ်ခဲ့တဲ့ အလိမ်အညာတွေပဲလို့ကိုယ်သိလာတယ်၊

နှလုံးသားမရှိဘူးဆိုတဲ့လူက သေလူပဲဖြစ်လိမ့်မယ်ဘာလို့ဆိုမကောင်းဆိုးဝါးတွေနတ်ဆိုးတွေတောင် နှလုံးသားရှိကြတယ်လေ။ပျော်ရွှင်မှုတွေနာကျင်ခံစားရမှုတွေ ခံစားနိုင်တဲ့ဘယ်သူမဆိုနှလုံးသားရှိကြတယ်၊ ဒီတော့မင်းကိုယ့်ကို ဒီလိုစကားမျိုးနဲ့ခြောက်လှန့်ထုတ်လို့မရပါဘူးကွာ။" လို့လီယိဖုန်းကအခိုင်အမာကိုပဲဆိုနေလေတယ်။

"ရှင့်မှာတော့နှလုံးသားရှိချင်ရှိမှာပေါ့၊ဒါပေမယ့် ကျွန်မမှာတော့မရှိဘူး"ယန့်ကျီဟာမတ်တပ်ရပ်ပြီး လျှောက်လှမ်းမသွားခင်အထိ မယိမ်းမယိုင်တဲ့ပုံနဲ့ပြောလိုက်တယ်။

ဘာရယ်ကြောင့်များမနက်ခင်းဆို ချိုမြနေတတ်တဲ့အတွင်းရေးမှူးလေးက ညမီးရောင်အောက်က လိုက်ကာနောက်ကွယ်မှာ သွေးအေးတဲ့မိန်းမပျိုကဖြစ်လာတာပါလိမ့်။

သူမအစ်မရဲ့သေဆုံးမှုကိုမြင်ခဲ့ပြီးတဲ့နောက်တော့ ဒဏ်ခတ်ခံသူမိန်းမပျိုဟာ သူမအစ်မကိုသတ်တဲ့လူအားလုံးကို လက်စားချေမယ်လို့ကတိပြုခဲ့တယ်။

ဒီလိုလုပ်ဖို့အတွက်ယန့်ကျီဆိုတဲ့သူမနာမည်နဲ့ နောက်ခံအထောက်အထားတွေပါ အားလုံးပြောင်းပစ်တယ်၊ပြီးတော့သူမအစ်မဖြစ်သူသတ်ခံရမှုနောက်ကွယ်က ကြိုးကိုင်ခဲ့သူနဲ့လည်းအတုအယောင်ဆက်ဆံရေးကိုတောင် တည်ဆောက်ခဲ့သေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူမအစ်မအတွက်ထိုက်တန်တဲ့တရားမျှတမှုကိုသူမရနိုင်ပါ့မလား?။ဒါမှမဟုတ်သူမရဲ့နှလုံးသားလေးဟာ ယိမ်းယိုင်ပြီးအချစ်နွံ့ထဲပဲကျလေမလား?။

ယန့်ကျီအလုပ်လုပ်တဲ့ကုမ္မဏီရဲ့ စီအီးအိုဖြစ်သူစိတ်တိုတတ်တဲ့လီယိဖုန်းဟာ သူမဘဝထဲဝင်ရောက်လာခဲ့တယ်။သူတို့နှစ်ယောက်ဟာမီးနဲ့ရေလိုပဲ။သူတို့ဟာအချင်းချင်းတစ်ယောက်နဲ့တစ်ယောက်တစ်နေရာထဲမှာမနေနိုင်လောက်အောင် မုန်းခဲ့ကြဖူးတယ်။

ဒါပေမယ့်လည်းယိဖုန်းတစ်ယောက် ယန့်ကျီရဲ့ဖုံးကွယ်ထားတဲ့အတွင်းစိတ်ကလေးကိုရှာတွေ့သွားတဲ့အခါမှာတော့ ဘာများဖြစ်လာမလဲ၊ယန့်ကျီကရော တွေ့ကြုံခဲ့ရတဲ့အတိတ်တို့ကြောင့် ရက်စက်လှတဲ့အမျိူးသမီးလေးအဖြစ်ပြောင်းလဲသွားလေမလား။

ပြီးတော့တကယ်လို့များယိဖုန်းတစ်ယောက်သာ သူမအပေါ်အရင်ကတည်းကချစ်ကျွမ်းဝင်နေမိပြီးသားဆိုရင် ဘာတွေများဖြစ်လာလေမလဲ။

💎💎💎💎💎💎💎💎
#HanMay

နတ်​ဆိုးCEOနှင့်​ ချစ်​မိ​သောအခါ..(Myanmar Tran)Where stories live. Discover now