ရွှေ့ရွှေ့တစ်ယောက်ဒေါသထွက်နေလို့ ယန့်ကျီကတော့သူမကိုအသည်းသန်ချော့နေရမယ်ဆိုတာသိနေတယ်
"မင်းပြောတော့ရွှေ့ရွှေ့ကို ကြိုဖို့စောစောပြန်လာမယ်ဆို အခုကျဘာလို့ ဒီလောက်နောက်ကျနေတာလဲ"ရှီရီတစ်ယောက်ဘေးကဖိပြောပြန်တယ်
"အဲ့ထိကိုပြောမနေပါနဲ့ဦး ရှီရီရယ် ဟိုငါရဲ့သောက်ကျိုးနည်းဘော့စ်က ငါ့ကိုတစ်နေ့လုံးအနားတောင်မပေးပဲ အလုပ်ခိုင်းခဲ့တာ စာရွက်စာတမ်းတွေကိုအာရုံစိုက်နေတာနဲ့ပဲ ဘယ်အချိန်ရောက်မှန်းတောင်မသိလိုက်ဘူး၊
အလုပ်ပြီးလို့နာရီကြည့်မိမှလန့်သွားတာ၊ဒီကိုလာတဲ့တစ်လမ်းလုံး မနားတမ်းငါပြေးလာခဲ့တာနော် "ယန့်ကျီ အသက်လေးခပ်ပြင်းပြင်းရှုရင်း ပြောလိုက်တယ်။
"မင်းနဲ့ပထမဆုံးတွေ့ခဲ့တုန်းက သူ့ကိုစိတ်အနှောင့်အယှက်ပေးခဲ့လို့ ဒီလိုပြန်လုပ်တာပေါ့လေ၊ မင်းရဲ့ဘော့စ်ကအာဃာတတရားလက်ကိုင်ထားနေတာကြီးက အသိသာကြီးပဲ"ရှီရီက ပြောရင်းသူ့လက်ထဲကဝိုင်ခွက်ကို တစ်ငုံသောက်လိုက်တယ်။
"ငါအလုပ်လုပ်ဖူးသမျှထဲတော့ ဒီဘောစ့်ကသဘောအဆိုးဆုံးပဲလေ ဆိုတော့ကားရွှေ့ရွှေ့ကရော ဘယ်ရောက်သွားတာလဲ"ယန့်ကျီတစ်ယောက်အခန်းထဲရောက်နေရမယ့် သူမသူငယ်ချင်းရဲ့ပုံရိပ်လေးကို ရှာရင်းမေးလိုက်တယ်။
"ဟဟ ဒီတစ်ခါတော့သူမတကယ်ကြီး မင်းကိုစိတ်ဆိုးသွားတာနော်၊ရောက်ရောက်ချင်း မင်းကိုဘယ်လောက်ရှာနေခဲ့လဲသိရဲ့လား၊ငါခန့်မှန်းရသလောက်တော့ မင်းအပေါ်မျှော်လင့်ထားလောက် စိတ်ပျက်မှုလည်းများသွားတာပဲဖြစ်မယ်၊မင်းသူမကိုတွေ့ချင်ရင်တော့ ဟိုအခန်းထဲမှာရှိတယ်"အနည်းငယ်ပွင့်ဟနေတဲ့တံခါးပေါက်ရှိရာကိုလညွှန်ပြရင်းရှီရီပြောလိုက်တယ်။
"နင်ဘာကိုပြောချင်တယ်ဆိုတာ ငါသိပါတယ်၊ငါကောင်းကောင်းချော့လိုက်မယ် ၊စိတ်မပူနဲ့"ယန့်ကျီယုံကြည်မှုရှိရှိပြောရင်း သူမရဲ့အိတ်ကိုထိုင်ခုံပေါ်ချကာ ပွင့်ဟနေတဲ့တံခါးရှိရာဆီလျှောက်သွားလိုက်တယ်။
YOU ARE READING
နတ်ဆိုးCEOနှင့် ချစ်မိသောအခါ..(Myanmar Tran)
RomanceRomance, comedy, revenge, 18 Translation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛