Ep-5

909 37 0
                                    

Unicode

အပိုင်း-၅

"မင်းနဲ့ငါ့အတွက် ရေရှည်မှာဒီလိုပဲကောင်းပါတယ်။ ဒါနဲ့မင်း ငါ့ရုံးခန်းကို ဘာကိစ္စနဲ့ရောက်လာတာလဲ။ ဒီတိုင်းနှုတ်ဆက်ရုံသက်သက်နဲ့တော့လာတယ်လို့မပြောနဲ့နော် ဘာလို့ဆိုအကြောင်းပြချက်မရှိပဲငါ့ကိုလာနှောင့်ယှက်တဲ့သူတွေဆို ငါသိပ်မုန်းတာမို့လို့"စီအီးအိုလီကပြောလိုက်တယ်။

"မဟုတ်ပါဘူး၊ မနက်ဆယ့်တစ်နာရီမှာ NEXTဆန်းသစ်တီထွင်မှုကုမ္ပဏီဥက္ကဌနဲ့ တွေ့ဆုံမှုအကြောင်းကိုသတိပေးဖို့လာတာပါ" ယန့်ကျီတစ်ယောက်ယဉ်ယဉ်ကျေးကျေးလေးပဲပြန်ဖြေလိုက်တယ်။

ပြီးခဲ့တဲ့နှစ်ရက်ကဘော့စ်ရဲ့အချိန်ဇယားကို သူမထံပို့ပေးဖို့ယွမ်ချွမ်ကိုပြောခဲ့မိတာကိုပဲကျေးဇူးတင်ရတော့မယ်။သူမအရာအားလုံးကိုမှတ်မိပြီးသားမို့သာ မဟုတ်ရင်တော့အလုပ်စစဝင်ချင်းနေ့မှာပဲသူမဘောစ့်နဲ့အကြီးအကျယ် ပြဿနာတက်ရမည်သာ။

"ငါအလုပ်များနေတာကိုမင်းမမြင်ဘူးလား နောက်ထပ်တစ်ခုကလူအိုကြီးတွေရဲ့မျက်နှာကိုမြင်ရမှာငါမုန်းလွန်းလို့ ဒီတော့သူနဲ့တွေ့မယ့်အချိန်ဇယားကိုဖျက်လိုက်၊ အမြဲတွေ့တိုင်းလည်းငါ့ကိုခေါင်းကိုက်စေရုံဘဲရှိအ သူ့ကိုတွေ့ဖို့အတွက်နဲ့တော့ တစ်နေ့တာငါ့စိတ်အခြေအနေပိုဆိုးသွားတာမဖြစ်ချင်ဘူး"

စီအီးအိုလီကခပ်ပြတ်ပြတ်ပဲပြောပြီး စားပွဲပေါ်ကသူ့စာရွက်စာတမ်းတွေကိုအာရုံပြန်စိုက်သွားလေတယ်။

"ဘော့စ်၊ကျွန်မတို့သူနဲ့အစည်းအဝေးကို ဒီလိုဖျက်လိုက်လို့မဖြစ်ပါဘူး၊ယွမ်ချွမ်ပြောတာတော့ပြီးခဲ့တဲ့လကလည်း မစ္စတာချောင်နဲ့အစည်းအဝေးလုပ်ဖို့ စီစဉ်ထားပြီးအဲ့ဒီနေ့ရောက်မှအစည်းအဝေးလည်းမသွား၊ဖျက်သိမ်းကြောင်းလည်း အကြောင်းမကြားပဲတစ်နေ့လုံးစောင့်ခိုင်းခဲ့တယ်လို့သိရပါတယ်။

ဒီလိုပြုမူတာက တခြားလူတွေရှေ့မှာဘော့စ်ကို အကျဉ်းတန်စေလိမ့်မယ်လို့ကျွန်မထင်ပါတယ် ဒီတော့ဒီနေ့အစည်းအဝေးကို တက်လိုက်ကောင်းမယ်ထင်တယ်"ယန့်ကျီကတော့အသေအချာကိုပဲပြောလိုက်တယ်။

နတ်​ဆိုးCEOနှင့်​ ချစ်​မိ​သောအခါ..(Myanmar Tran)Where stories live. Discover now