Unicode
စီအီးအိုရဲ့ အသံထဲမှာ သရော်လှောင်ပြောင်သံတွေပါနေတာ ထင်ရှားနေလေတော့ လက်ထောက်ဖြစ်သူမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေလေတယ်။
ကံကောင်းထောက်မစွာပဲ တောင်းပန်ခြင်းကအရာအားလုံးကို ခပ်မြန်မြန်ဖြေရှင်းနိုင်တယ်ဆိုတာကို သူဖြတ်သန်းလာတဲ့နှစ်တွေအရ သိထားလေတယ်။ လက်ထောက်တစ်ယောက်ရဲ့ အလုပ်ဆိုလဲမမှားဘူးလေ ။တောင်းပန်ခြင်းသည် အကောင်းဆုံးဖြစ်သည်သာ။
"ကျွန်တော် ဘောစ့်နဲ့မိန်းကလေးယန့်ကိုတောင်းပန်ပါတယ်။ကျွန်တော် နှစ်ယောက်စလုံးကိုစောင့်ဆိုင်းစေမိပြီ"ယွမ်ချွမ်တစ်ယောက် ရိုးရိုးသားသားပဲတောင်းပန်လိုက်တယ်။
လက်ထောက်ရဲ့ရိုးသားစွာတောင်းပန်မှုကိုတွေ့လိုက်ရတဲ့အမျိုးသမီးလေးက ဒီအရူးစီအီးအိုနဲ့နေ့စဉ်နှင့်အမျှ ဆက်စပ်အလုပ်လုပ်နေရတဲ့လက်ထောက်ယွမ်ချွမ်ကို ရုတ်တရက်ကြီးတောင်သနားမိသွားသေးတယ်။
"ရပါတယ်။ ဒါစာချုပ်ပဲဖြစ်ရမယ်၊ဟုတ်တယ်မလား၊ ယကျွန်မတစ်ချက်ကြည့်ပါရစေ" မိန်းကလေးယန့်ကယွမ်ချွမ့်ကို ယဉ်ယဉ်ကျေးကျေးလေးပြောလိုက်ချိန်မှာတော့ စီအီးအိုလီခမျာသူ့ကမ္ဘာကြီးပျက်သွားတဲ့ပုံပေါက်နေလေတယ်။
သူ့ရှေ့ကရက်စက်ကြမ်းကြုတ်တဲ့မိန်းမက ယဉ်ကျေးနေသတဲ့လား။ဒါကဘယ်လိုဖြစ်နိုင်ပါ့မလဲ။
"ယဉ်ကျေးတယ်ဆိုတဲ့စကားလုံးကိုတောင် မသိဖူးလို့ထင်နေတာ။သူများအပေါ်ကျချိုသာပြနေပြီးငါ့အပေါ် ကျရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံနေတာပဲ"စီအီးအိုလီတစ်ယောက် သူ့ဘာသာသူတိုးတိုးရေရွတ်လိုက်တယ်။
ရုံးခန်းထဲမှာရှိနေတဲ့အခြားလူနှစ်ယောက်ဟာ သူ့ရဲ့တိုးတိုးပြောသံကို ရှင်းရှင်းလင်းလင်းကြားလိုက်ပေမယ့်လည်း ဘာမှမကြားချင်ယောင်ဆောင်နေလိုက်တယ်။ဟုတ်တယ်၊နှစ်ယောက်ထဲကတစ်ယောက်ကတော့ မကြားချင်ယောင်ဆောင်ခဲ့တယ်လေ။
"ရှင်တစ်ခုခုပြောလိုက်သေးလား"
"မင်းမြင်တဲ့အတိုင်းလုပ်အားခနဲ့အကျိုးအမြတ်တွေက မင်းလို အဆင့်မြင့်အတွင်းရေးမှူးတစ်ယောက် အတွက်ဆိုပြီးပြည့်စုံနေပြီ၊ငါ့လိုကမ်းလှမ်းချက်ပေးမယ့်ကုမ္ပဏီမျိုးကိုတခြားဘယ်ကုမ္ပဏီကမှနည်းနည်းလေးတောင် နီးစပ်အောင်ပေးနိုင်မှာမဟုတ်တာသေချာတယ်။
YOU ARE READING
နတ်ဆိုးCEOနှင့် ချစ်မိသောအခါ..(Myanmar Tran)
RomanceRomance, comedy, revenge, 18 Translation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛