Ch -1

3K 68 0
                                    

Unicode

လှို့ဝှက်ဆန်းကြယ်တဲ့မိန်းမပျို
.....

သူမထိုအဖြစ်အပျက်ကို မနေ့တနေ့ကဖြစ်ခဲ့သလိုဘဲ မှတ်မိနေခဲ့တယ်။ကောင်းကင်တခွင်လုံးက မြေပြင်ဆီလိမ့်ဆင်းလာတော့မလိုဘဲ ။ရုတ်တရက်ဖြစ်လာခဲ့တဲ့ဒီအရာကို မေးခွန်းထုတ်နေကြတဲ့မြို့နေလူထုကို နောက်ချန်ထားခဲ့ပြီး တိမ်မည်းတစ်အုပ်ဟာ မြို့ပြဘက်ဆီ အလျင်အမြန်ရွေ့လျားနေလာခဲ့တယ်။

ရေစက်တို့တစ်စက်မှမကျန်တော့တဲ့အထိ မိုးရွာချရင်း ပါတ်ဝန်းကျင်တစ်ခုလုံးကိုဖျက်ဆီးတော့မယ့်အလား။

မြို့ရဲ့တစ်နေရာမှာတော့ဘေးချင်းယှဉ်လျက်အမျိုးသမီးနှစ်ဦးရဲ့ မြင်ကွင်းတစ်ခုရှိလေတယ်။တစ်ယောက်ကတော့ဖြူဖျော့နေတဲ့မျက်နှာနဲ့ ကြမ်းပြင်ပေါ်မှာလဲနေပြီး ကျန်တစ်ယောက်ကတော့သူမလက်ကိုကြင်နာစွာဆုပ်ကိုင်ထားလေတယ်။သိသာထင်ရှားနေတဲ့သေမလိုအနေအထားကြောင့်သာ မဟုတ်ရင်ထိုမြင်ကွင်းကစိတ်ကြည်နူးဖွယ် မြင်ကွင်းဖြစ်နေမှာအသေအချာ။

"မမကျီရှန်း ညီမကိုမထားခဲ့ပါနဲ့နော်"မိန်းမငယ်လေးဟာ အမျိုးသမီးကိုတင်းကျပ်စွာဖက်ထားရင်း ခါးခါးသီးသီးငိုလေတယ်။ယ

"ညီမ-ညီမ မမ မရှိရင်အသက်မရှင်နိုင်လောက်တဲ့အထိ မမကိုချစ်တယ်လေနော်၊

မမလည်းဒါကိုသိတယ်မလား၊ဒါကြောင့်မထားခဲ့ပါနဲ့နော် မမကျေးဇူးပြုပြီးမထားခဲ့ပါနဲ့ နော်နော်"

မိန်းမငယ်လေးရဲ့မျက်ရည်တို့ဟာ ထိုပြိုလဲနေတဲ့မိန်းမပျိုထံပေါ် အပြိုင်ပြိုင်ကျဆင်းလျက်..။ အမေးခံရတဲ့အမျိုးသမီးဟာလည်းပဲ အသက်ရှင်သန်နေမှုကိုဖက်တွယ်ထားချင်ပေမယ့် မရှင်သန်နိုင်တော့တာကိုသိနေလေတယ်

မိုးစက်မိုးပေါက်တို့သည်းထန်စွာ ကျဆင်းနေတာကတောင် ယိုစမ့်ထွက်လာတဲ့သွေးအလျဉ်ကို အရောင်ဖျော့သွားစေငှာမစွမ်းနိုင်ရှာ။

သူမမှာအချိန်ရယ်လို့သိပ်မကျန်တော့။အာရုံစိုက်ဖို့ကိုရုန်းကန်ရင်း ငိုကြွေးနေတဲ့သူမညီမကိုကြည့်မိတော့ အရင်မှတ်ဉာဏ်ထဲကသူမမျက်နှာတောင် ပျောက်ဆုံးသွားသလိုပဲ

နတ်​ဆိုးCEOနှင့်​ ချစ်​မိ​သောအခါ..(Myanmar Tran)Where stories live. Discover now