Ep-4

778 32 0
                                    

အပိုင်း(4):မစ္စတာလီ မဟုတ်ပဲဘော့စ်ဖြစ်ရမှာ
....

"ဟုတ်တယ်လေရှင့်ကိုပြောတာပဲ ကျွန်မသိသလောက်တော့ရှင်က မျက်မြင်မြင်တွေ့ရတာတွေထက် အလုပ်လုပ်တဲ့နေရာမှာတအားထက်မြတ်တယ်ဆိုတာဘဲ ။ရှင်သာအလုပ်လုပ်နိုင်စွမ်းမမြင့်ရင် ရှင့်ဘောစ်ကနှစ်နှစ်လောက်ထိ အာဏာဘယ်လွဲပေးမလဲ

သူနဲ့အတူအလုပ်လုပ်တဲ့လူတွေနဲ့ပါတ်သက်ရင် သိပ်ကိုအကဲဆတ်တယ်လို့သတင်းကြီးတယ် ဒီတော့သေချာတာတစ်ခုက ရှင်ကသူမျှော်လင့်ထားတာထက် ပိုပြီးလုပ်ပြနိုင်ခဲ့တယ်ဆိုတာပဲ။ဒါကြောင့်လည်းရှင် သူ့အတွက်လုပ်လုပ်ပေးနေနိုင်သေးတာပေါ့ ဒါမှမဟုတ်ကျွန်ပြောတာများမှားသွားသလားမစ္စတာလီ"

(ယန့်ကျီက လက်ထောက်ယွမ်ချွမ်ကို Ceoလီရှေ့ဖဲ့)

မိန်းကလေးယန့်တစ်ယောက်တောက်ပလှတဲ့ အပြုံးတို့နဲ့ပြုံးရင်းပြောလိုက်တယ်။ ယောကျ်ားတိုင်းကသူတို့ကိုအဲဒီလို ပြုံးပြလိုက်တဲ့အခါတိုင်း သူမရဲ့ခြေထောက်အောက်မှာဝပ်ဆင်းသွားကြစမြဲပေမယ့် စီအီးအိုလီကတော့သူတို့နဲ့တူပုံမရဘူး။သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုံးကတောင်သူ့ကိုနည်းနည်းမှမဆွဲဆောင်နိုင်သလိုကြီးလေ!

"မိန်းကလေးယန့်ရေ ကျွန်တော်ဆိုတာအတွေ့အကြုံအများကြီးမရှိတဲ့ဝန်ထမ်းတစ်ယောက်ပါပဲ ဒါကြောင့်မိန်းကလေးအနေနဲ့ကျွန်တော့်ကိုဘောစ့်နဲ့ပါတ်သက်လို့ ခက်ခဲရအောင်မလုပ်ပါနဲ့လားဗျာ"

ယွမ်ချွမ့်ခမျာ သူမထွက်သွားတဲ့အခါဘောစ့်က သူ့ကိုအမှုလာပတ်နေမှာစိုးတဲ့အတွက် ခပ်ကြောက်ကြောက်ပဲထုတ်ပြောလိုက်တယ်။

"ကောင်းပြီလေ မိန်းကလေးယန့်ကိုကြည့်ရတာငါ့ဆီမှာအလုပ်လုပ်ဖို့ဘယ်လောက်တောင်စိတ်အားထက်သန်နေလိုက်သလဲ မင်းရဲ့စည်းကမ်းတွေကိုတော့ ငါသဘောတူလိုက်မယ် ဒါပေမယ့်ဒီအချက်တစ်ချက်ကို ရှင်းရှင်းလင်းလင်းသိထားလိုက်ပါ။

မင်းအမှားတစ်ခုလောက်လုပ်မိတာနဲ့အလုပ်ဖြုတ်ပြီဘဲ ပြီးတော့ မင်းသာနည်းနည်းလောက်ဖြစ်ဖြစ်ငါ့လက်အောက်မှာကပျက်ကချော်လုပ်ခဲ့ရင် တန်ဖိုးရှိတဲ့မင်းရဲ့ကျော်ကြားမှုလေးလည်းပျက်စီးသွားရလိမ့်မယ် ငါကမင်းကိုအလုပ်မခန့်ရလည်းဆုံးရှုံးစရာဘာမှမရှိဘူး။

နတ်​ဆိုးCEOနှင့်​ ချစ်​မိ​သောအခါ..(Myanmar Tran)Where stories live. Discover now