အတိတ်ကအကုသိုလ်ကံကြောင့်ပဲလား ကျွန်တော် ၁၀ တန်းအောင်ပြီးမကြာပါဘူး တစ်ဦးတည်းသော အဒေါ်ဖြစ်သူ ဒေါ်ခင်မေဆုံးသွားပါတယ်။
ဒေါ်ခင်မေဆုံးပါးချိန်မှာ ညီမလေးမြတ်သော်တာက ၃ တန်းကျောင်းသူလေးသာရှိသေးသည်။ ဒေါ်ခင်မေမှာ ကျွန်တော်တို့မောင်နှမအပေါ်ကျေးဇူးတရားကြီးလှသည်။
ကျေးဇူးတောင်မဆပ်ရသေးပဲနဲ့ သူမထွက်သွားလေသည်။အရင်တုန်းက စိန်ပန်းရပ်ကွက်ရှိပြင်ထောင်အိမ်သေးသေးလေးရှေ့မှာ သဲထိုးကာ ဒေါ်ခင်မေခေါက်ဆွဲဆိုင်လေးမှ ဆိုင်ပိုင်ရှင်ဒေါ်ခင်မေကို ဝိုင်းကူပျော်ရွှင်နေသောမြင်ကွင်းမှာ စိန်ပန်းရက်ကွက်မှ ပျောက်ကွယ်သွားတော့သည်။ ဈေးတန် လက်ရာကောင်းသောကြောင့် လူစည်ခဲ့သော ဆိုင်လေးမှ ခုတော့ဖြင့် ပြင်ထောင်အိမ်လေးကသာ အထီးကျန်ခြောက်ကပ်နေသည်။
" ဘဝကပျော်ရွှင်မှုတို့အနည်းငယ်ရလာပါလျက် အရာရာမတည်မြဲ၊ ခုတော့ပျော်ရွှင်မှုတွေပျက်သုန်းခဲ့လေပြီ၊၊ ဪ ငါ့စိတ်ဓာတ်တွေပျော့ညံ့လို့မဖြစ်ဘူး၊ ငါ့မှာညီမလေးရှိတယ်။ ခုဆိုညီမလေးက ၉ တန်းရောက်ပြီငါအလုပ်တွေ ဆက်ကြိုးရမယ်၊ မင်းအားတင်းထား
လွန်းထက်ယံ ....လွန်းထက်ယံ။"လွန်းထက်ယံ အတွေးလွန်၍မိမိကိုယ့်ကိုရေရွတ် နေမိသည်။
အတွေးလွန်ရင်း တောင်ကြီးမြို့၏အေးစိမ့်လှသောရာသီဥတုကိုပင်သတိမထားမိ မြူများဆိုင်းသောအနောက်မြို့ပတ်လမ်း လမ်းဘေးပလက်ဖောင်း တည့်တည့်လျှောက်လာရာ မိမိအလုပ်နေရာ ကားရေဆေးဆီလိုက်ရှေ့သို့ရောက်ရှိလာသည်။
ဟုတ်ပါတယ်။ ကျနော်ကမနက်ဆို Smart ရေဆေးဆီလိုက်မှာအလုပ် လုပ်ပါတယ်။ လုပ်သက်တမ်း ၅နှစ်ရှိပြီမို့ boss၊ မန်နေဂျာ၊ အခြားဝန်ထမ်းတွေနဲ့ လူရင်းတွေလိုဖြစ်နေပါပြီ။ အခုကတော့ လစာတစ်လကို ၂သိန်း ၁သောင်း ရပါတယ်။ အလုပ်ချိန်က မနက်၈ နာရီကနေ ညနေ ၃ နာရီထိပေါ့။
အရင်ကညီမလေးကျောင်းစရိတ်အတွက်
ပန်းရံနောက်လိုက် လိုက်၊ နေ့စားလုပ်လိုက်၊
စားသောက်ဆိုင်မှာ စားပွဲထိုးဝင်လုပ်လိုက်ပေါ့။ ညီမလေးကလည်း အတန်းငယ်တော့နေဖို့ စားဖို့နဲ့ ညီမလေးကျောင်းစရိတ်၊ အဆောင်စရိတ်လည်းတတ်နိုင်ခဲ့တယ်။
ခုတော့ညီမလေးက အထက်တန်းရောက်ပြီဆိုတော့ အလုပ်က၃ဆ၄ဆကြိုးစားရပါတယ်။
YOU ARE READING
🔞 " နွံ " 🔞 (On going)
Short Story* * ရက်ရှည်ဆာလောင်နေသော ကျားရိုင်းတစ်ကောင်ကဲ့သို့ သူကျွန်တော့ကိုယ်ပေါ် အုပ်မိုးလိုက်သည်။ သူ့မျက်လုံးတွေနီရဲလျက် မျက်ဝန်းထဲ၌ ဆာလောင်မှုဒေါသများနှင့်ပြည့်နက်နေသည်။ ကုတင်ဘေး မှန်တင်ခုံရှိNR Aloe Vera Gelကိုလှမ်းယူပြီးလက်ဖြင့်gelတို့အားအလျှင်အမြန်နို...