🔞 " နွံ " 🔞 Part 8

1.8K 15 1
                                    

🌼🌼🌼

လွန်းထက်ယံ ကုတ်အကျီအနက်ရောင်ကိုခြုံကာလျှိုဝတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

စိုင်းဟန်ဖြိုးမင်းက လွန်းလက်ကိုဆုပ်ကိုင်ပြီး

" အဆင်ပြေသွားမှာပါ ။မကြောက်နဲ့လွန်း"

လွန်းက ကိုစိုင်းကိုကြည့်၍ပြုံးနေသာ်လည်း
စိတ်ထဲတွင် လေးလံနေသည်။ မသိစိတ်ကကြောက်နေမိသည်။

ဒီနေ့ လွန်း ဆေးစစ်ရမည့်ရက်ချိန်းဖြစ်သည်။
ခွန်မြတ်နှင့်အတူဆေးစစ်ရမည့်ရက်ဖြစ်သည်။
အရင်တုန်းကခွန်မြတ်နဲ့အတူ ပထမအကြိမ်စစ်တုန်းက(-) အနုတ်လက္ခဏာထွက်သည်။

( #အနုတ်လက္ခဏာပြတာက HIVပိုးကင်းစင်ကြောင်းကိုဆိုလိုတာပါ။ ) အခု၆လပြည့်ပြီဆိုတော့ ဒုတိယအကြိမ်ထပ်စစ်ရမည်။ ဒီတခါက ကိုယ်ချစ်ရတဲ့ ကိုစိုင်း ပါနေတာကြောင့်အရင်လောက် တော့စိတ်မလှုပ်ရှားပေမယ့် လွန်းအဖို့ကြောက်နေမိသည်။

ကိုစိုင်းသူ၏ကားဖြင့်လိုက်ပို့သည်။ မနက်ပိုင်းကမို့ရွာထားသောကြောင့် တောင်ကြီးမြို့လမ်းတွေမခြောက်သေးပဲအနည်းငယ်စိုစွတ်နေသည်။ မိုးအုပ်၍မြူအနည်းငယ်ဆိုင်းလျက်ရှိသည်။ လွန်းကတော့ကားရှေ့ခန်းမှ တံခါးမှန်ကိုမျှီကာ ဖြတ်သွားဖြတ်လာကားရောင်စုံ ဆိုက်ကယ်ရောင်စုံကိုငေးလျက်။

လွန်း၏အပြစ်ကင်းလှသောပုံစံကို ကိုစိုင်း မြင်တော့ သူ၏လက်တစ်ဖက်ဖြင့် လွန်း၏ညာလက်ကလေးကားဆုပ်ကိုင်လိုက်ထားလိုက်သည်။ လွန်းနွေးထွေးမှုရ၍ ပိတိဖြာသွားသည်။

ခွန်မြတ်ကို ကြို၍ ရွှေအင်းလေး ဓာတ်ခွဲခန်းသို့ သွားကြသည်။
သွေးဖောက်စစ်ပြီးရလဒ်ကိုစောင့်ရသည်။

ရလဒ်က ၁၅မိနစ်ကနေမိနစ်၆၀အတွင်းထွက်ပေမယ့် လွန်းနဲ့ခွန်မြတ် မိနစ်၃၀စောင့်လိုက်ရသည်။

နွေးထွေးသောဆရာဝန်က နွေးထွေးသောအကြည့်လေသံတို့ဖြင့်

" ကဲ ရလဒ်ထွက်ပါပြီ "

လွန်းနဲ့ခွန်မြတ်တို့ရင်ထဲတွင် ဘုရားပွဲလှည့်နေလေသည်။
ကိုစိုင်း ကတော့လူနာစောင့် ခုံတန်းမှာထိုင်ရင်း လက်ဖဝါးနှစ်ဖက်ပိုပွတ်နေသည်။

🔞 " နွံ " 🔞 (On going)Where stories live. Discover now