(Unicode)
ငွေ ဒီသာ အဓိက၊ ငွေ ဒီသာဒုတိယဘုရားသခင်ဖြစ်သည်လော။ ငွေနောက်လိုက်ရင်း မိမိကိုယ်ကိုတန်ဖိုးမထားပဲ ညစဉ်တန်ဖိုး
ဖြတ်နေမိသည်။ ဘဝနာခဲ့သူဖြစ်၍ အရာရာဆုံးရှုံးခဲ့ရသည်။ မိဘမေတ္တာဆို ဘာမှန်းပင်မသိခဲ့ပါ။ စိတ်ပူမည့်သူမရှိ ပူပန်မယ့်သူမရှိ ကျနော့်ပေါ့ပေါ့ပျက်ပျက်နေတတ်လာသည်။
လူတွေရဲ့လိမ်ညှာမှုတွေက ကျနော့အတွက်
ထုံဆေးထိုးထားသောလူကဲ့သို့ အီတီတီဖြစ်နေ၏ မထူးဆန်းတော့ပေ။ထိုခံရေသာအရသာကိုသိပြီးနောက်ပိုင်း တက်မက်လာမိ၏။ gay pornများစွာကိုကြည့်ခဲ့ပြီး အကွက်များကိုအတုယူလေ့လာခဲ့သည်။
အချိုကြိုက်သောကလေးသည် အချိုအရသာကိုတပ်မက်စွဲလမ်းပြီး နောက်ထပ်အချိုများကိုထပ်ခါစားချင်သလိူမျိုးပင်။ ကျွန်ုပ်သည်လည်း ဤလောကမှ ရှုံးထွက်ဖို့
ကြိုးစားလေ နွံ ကဲ့သို့နှစ်လေဖြစ်နေသည်။▫️▫️▫️ ကုတင်ပေါ်ပြန့်ကျဲနေသော တစ်သောင်းတန်ပိုက်ဆံများကိုကောက်ကာ ခုံပေါ်ရှိဘေးလွယ်အိတ်ထဲသိူ့ထည့်လိုက်သည်။
ကုတင်အောင်ပြန့်ကျဲနေသော အင်္ကျီ၊အတွင်းခံ၊ဘောင်းဘီတို့ကို ကောက်ဝတ်လိုက်သည်။ လူလည်းပင်ပန်းနေလေပြီ။ ဒါပေမယ့် ကျနော့်ဖို့ နေသားကျသွားပါပြီ။
Silentလုပ်ထားေသာဖုန်းကိုကောက်ကိုင်ရင်း နာရီကြည့်လိုက်ရာ 12:30Am ရှိပြီ
ဖြစ်သည်။" ဪ မနက်ဖြန်တနင်္ဂနွေပဲ၊ ညီမလေးကိုသွားတွေ့ရမှာပါလား"ရုတ်တရက် စိတ်ထဲမှ အသိဝင်လာသည်။
Spa မှာ ပြည့်တန်ဆာထီး စလုပ်ပြီးကတည်းက ညီမလေးနဲ့မတွေ့ဖြစ်တာကြာပြီ။ သူစာများရရဲ့လား။အဆင်ပြေရဲ့လား။
ကျနော့်ပုံဆန်ကို ညီမလေးအားမမြင်စေချင်ပါ။ ကျနော်လုပ်နေသောအလုပ်ကို သိရင်တော့ ပိုဆိုးမှာပေါ့။ငယ်ငယ်ကကျောင်းနေဖက်သူငယ်ချင်း၊ အချစ်ဦးCrushဦးဆိုလည်းမမှားပေ။ခါတိုင်း
လို သူမကိုပဲအကူညီတောင်းဦးမှရမည်။
သူမ နာမည်က " နန်းယွန်းထွေးခမ်း" ပါ။
သူ့ကိုကျနော်ကြိုက်တာသူသိသလို သူလည်း
ကျနော့်အပေါ်သံယောစဉ်ကြီးသည်။ မိသားစုအတိုင်းအဝိုင်းကြီးကာ အဆင့်တန်းကွာခြားလွန်းတာကြောင့် သူငယ်ချင်းအဖြစ်နဲ့ပဲ ဆက်ရှိနေခဲ့ပါသည်။ သူမက ခုဆိုဆေးကျောင်း စတုတ္ထနှစ်ဖြစ်၏။
YOU ARE READING
🔞 " နွံ " 🔞 (On going)
Short Story* * ရက်ရှည်ဆာလောင်နေသော ကျားရိုင်းတစ်ကောင်ကဲ့သို့ သူကျွန်တော့ကိုယ်ပေါ် အုပ်မိုးလိုက်သည်။ သူ့မျက်လုံးတွေနီရဲလျက် မျက်ဝန်းထဲ၌ ဆာလောင်မှုဒေါသများနှင့်ပြည့်နက်နေသည်။ ကုတင်ဘေး မှန်တင်ခုံရှိNR Aloe Vera Gelကိုလှမ်းယူပြီးလက်ဖြင့်gelတို့အားအလျှင်အမြန်နို...