***** ပြင်တင်းပေါ်ဆီမှ ဝင်လာသော အလင်းတန်းများကြောင့် စိုင်းဟန်ဖြိုးမင်း
မဖွင့်ခြင်သောမျက်လုံးများကို အတင်းဖွင့်၍မရသောကြောင့် ဖြေးဖြေးချင်းဖွင့်လိုက်သည်။မြင်နေကျမဟုတ်သော မြင်ကွင်းများကြောင့်
မိမိ တိုက်ခန်းမဟုတ်မှန်းသိလိုက်သည်။
ငါ ဘယ်ရောက်နေပါလိမ့်။ ခေါင်းများထိုးကိုက်နေကာ အနည်းငယ်မူးနှောက်နေပါသည်။
ခန္ဓာကိုယ်တစ်ခုလုံးကျစ်ထုတ်နေသည်။
သေချာကြည့်လိုက်မှ မိမိဝတ်နေကြ အဝတ်မဟုတ်မှန်းသိလိုက်သည်။
မနေ့ညက ငါနဲ့ လွန်းထက်ယံညဈေးတန်း....
အဲ့နောက်ပိုင်းစဉ်းစားပေမယ့် မနေ့ညကပုံရိပ်ဖြစ်ပျက်အနည်းငယ်သာမှတ်မိသည်။
သေချာတာတော့ မနေ့ညက ကျတော်မူးခဲ့သည်။အိပ်ယာပေါ်မှမတ်တပ်ရပ်လိုက်ချိန် ပေါင်နားတဝိုက်နှင့် တင်နားတဝိုက်က တင်းနေသည်။
သူဝတ်ပေးထားသော ဂွင်းပွဘောင်းဘီအနားကို ဆွဲပြီးငုံ့ကြည့်လိုက်ရာ“ ဪ” အတွင်းခံကြောင့်ဖြစ်မည်။ သေးလွန်းသောကြောင့်ဖြစ်သည်။
“ ဟမ် ဒါနဲ့နေပါဦး။ အတွင်းခံကအစအင်္ကျီ ကအဆုံးလှဲပေးထားတာဆိုတော့ ဘုရားယေ。。。。မနေ့ညကငါ ဘာတွေလုပ်မိပါလိမ့် ”
“ ဟား.....ငါ...ငါ မဖြစ်နိုင်ပါဘူးလေ”
စိုင်းဟန်ဖြိုးမင်းတစ်ယောက်ထဲ အယောင်ကတမ်းပြောပြီး အခန်းမှထွက်လာသည်။
ဧည့်ခန်းစားပွဲပေါ်မှာ အပန်းရောင်A4စာရွက်ပေါတွင် ဖန်ခွက်ဖြင့် ဖိထားသည်။A4စာရွက်ထဲတွင်...........
“ ကိုစိုင်းခေါင်းမူးနေတယ်မလား။ ကျနော်မီးဖိုချောင်စားပွဲပေါ်ရဲ့အုပ်ဆောင်းထဲမှာ
သံပုရာရည်ဖျော်ထားတယ်။ ပြီးတော့ထမင်းကြော်ထားတယ် ကြိုက်လားတော့မသိဘူး သည်းခံပြီးစားလိုက်ပါ။ ဒီနေ့လကွယ်မို့ ညီမလေးနဲ့ဘုရားသွားဖို့ရှိလို့ ခြံသော့ခတ်ပြီးသွားလိုက်တယ်။ ခြံသော့က အုပ်ဆောင်းထဲမာပဲ။ ကိုစိုင်းရဲ့အဝတ်တွေကိုလျော်ပြီးလှန်းထားလိုက်တယ်နော်။ လွန်းထက်ယံ ”သူ၏ လက်ရေးများက ဝိုင်းစက်၍ မိန်းကလေးတစ်ယောက်ရဲ့လက်ရေးနှင့်တူသည်။ သူ့ကိုစတွေ့ကတည်းက သနားမိသလို ခုတော့ပိုပြီးသနားလာမိသည်။ သံယောစဉ်ပို၍တွယ်လာမိသည်။
သူ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြိုးစားလွန်းသည်။ ဘဝနာသူမို့နေမည်။ သူ့ ကိုယ်ခန္ဓာကိုယ် ပေါ်တက်တူးဘယ်လောက်ရှိရှိ သူ့ရုပ်ရည်ဟာ ကလေးတစ်ယောက်လိုချစ်စရာကောင်းသည်။ ဆေးလိပ်သောက်နေချိန်တွင်လည်း လူဆိုးလူမိုက်ဆိုက်မပေါ်ပဲ ကျတော့်အတွက်တော့ ကလေးလိုပင်။ သူ့မျက်လုံး သူ့အပြုံးများကို နေ့စဉ်မြင်ချင်လာမိသည်။
သူ့ပါးမို့မို့လေးကိုဆွဲညှစ်ချင်လောက်အောင်အူယားစရာကောင်းသည်။
YOU ARE READING
🔞 " နွံ " 🔞 (On going)
Short Story* * ရက်ရှည်ဆာလောင်နေသော ကျားရိုင်းတစ်ကောင်ကဲ့သို့ သူကျွန်တော့ကိုယ်ပေါ် အုပ်မိုးလိုက်သည်။ သူ့မျက်လုံးတွေနီရဲလျက် မျက်ဝန်းထဲ၌ ဆာလောင်မှုဒေါသများနှင့်ပြည့်နက်နေသည်။ ကုတင်ဘေး မှန်တင်ခုံရှိNR Aloe Vera Gelကိုလှမ်းယူပြီးလက်ဖြင့်gelတို့အားအလျှင်အမြန်နို...