🌼🌼🌼🌼
ကျေးငှက်များသာယာစွာ တေးသီနေသောအသံ။ နေရောင်ရေးရေးလေးနှင့်အတူ
လေအေးအေးလေးက ပြတင်းပေါက်မှတိုးဝင်လာသောကြောင့် ကာလကာလေးများလွင့်မျောနေလျက်။အိစက်ကာ ပန်းရောင်အနည်းငယ်သန်းနေသောမျက်နှာပြင်ပေါ်သို့ တိုးဝေ့လာသောလေညှင်းနှင့်အတူပါလာသော နေရောင်ခြည်တို့ကြောင့် လွန်းထက်ယံမျက်လုံးများအသာဖွင့်လိုက်သည်။
အိပ်ယာထဲမှ ထွက်ဖို့အပြင် တင်ပါးဆုံ၌အောင့်သက်သက် ခံစားရသောကြောင့် မနေ့ညက အဖြစ်အပျက်ကိုသတိရသွားသည်။
ကုတင်ဘေး မှန်ကြည့်စင်ရှေ့တွင်ထိုင်လိုက်ပြီး မိမိနှဖူးကိုစမ်းလိုက်သည်။
“ငါအဖျားကျသွားပါလား" ဟုစိတ်တွင်ရေရွတ်လိုက်သည်။
မနေ့ညက ကိုစိုင်း လွန်းကို သေချာလေးပြုစုခဲ့သည်။ အပူကျအောင် ရေဝတ်စကိုနှဖူးပေါ်တင်၊ ဆေးတိုက်။ လွန်းအိမ်မောကျသည်အထိ စောင်သေချာခြုံပေးခဲ့သည်။
လွန်း မှန်ထဲတွင် မြင်နေရသောမိမိမျက်နှာပြင်ကို ဖြူသေးသွယ်သောလက်ဖဝါးနှစ်ဖက်ဖြင့်
အသာကိုင်လိုက်သည်။ကိုစိုင်းအိမ်တွင်နေပြီးနောက်ပိုင်းလွန်း အနည်းငယ်ပြည့်ဖြိုးလာသည်။ အရင်ကထက်ပါးများဖောင်းလာသည်။
🌼🌼🌼🌼
လွန်းလှေကားလက်ရန်းကိုကိုင်ပြီး အောက်ထပ်သို့ဆင်းချိန် လှေကားတစ်ဝက်တွင်မြင်ကွင်းတစ်ခုကြောင့် ရပ်တန့်ခဲ့သည်။
ထိုမြင်ကွင်းမှာ ဧည့်ခန်းစားပွဲရှေ့တွင်ထိုင်နေသောလူတစ်ယောက်။ ခန့်ညှားသပ်ရပ်လှသည်။ အနည်းငယ်ဝေးသောမြင်ကွင်းဖြစ်ပေမယ့်လည်း ထိုသူ၏ စင်းနေသောနှာတံ စိမ်းနေသောနှုတ်ခမ်းမွှေး၊ မို့မောက်သောနှာဖူးပြင်၊ ထူစင်းနက်မှောင်သော စင်ယော်မျက်ခုံး နှင့် ပြင်ကျယ်သောရင်အုံ။
တီရှပ် ခဲရောင်ကိုဝတ်ထားသည်။ Short pant ဒူးအထက်ဘောင်းဘီ အပွကိုဝတ်ထားသောကြောင့် တောင့်တင်းသောခြေတံရှည်ကိုမြင်ရသည်။
ထိုသူသည် စားပွဲတွင်ရှိသောဟင်းခွက်များကို ဟိုရွှေ့ဒီရွှေ့နေသည်။
YOU ARE READING
🔞 " နွံ " 🔞 (On going)
Conto* * ရက်ရှည်ဆာလောင်နေသော ကျားရိုင်းတစ်ကောင်ကဲ့သို့ သူကျွန်တော့ကိုယ်ပေါ် အုပ်မိုးလိုက်သည်။ သူ့မျက်လုံးတွေနီရဲလျက် မျက်ဝန်းထဲ၌ ဆာလောင်မှုဒေါသများနှင့်ပြည့်နက်နေသည်။ ကုတင်ဘေး မှန်တင်ခုံရှိNR Aloe Vera Gelကိုလှမ်းယူပြီးလက်ဖြင့်gelတို့အားအလျှင်အမြန်နို...