🔞 " နွံ " 🔞 Part-5

1.7K 25 0
                                    

*****
           ကိုစိုင်းဖြိုးမင်းဟန်လာရှာမှာသိလို့ ကျတော် ခွန်မြတ်တိုက်ခန်းမှာ ၃ ရက်လောက်ရှောင်နေခဲ့တယ်။

သူလည်းတကယ်ရှာခဲ့ပါတယ်။ သူပို့တဲ့ massageတွေကို ပြန်မပို့ခဲ့သလို။ ဖုန်းခေါ်လည်းမကိုင်ခဲ့ဘူး။

ကျတော့်လုပ်ရက်မှန်တယ်။ ဟုတ်တယ် ကျတော်လုပ်ရက်ကမှန်တယ်လို့ပဲထင်တယ်။ သူ့လိုသူဠေးသားလုပ်ငန်းရှင်နဲ့ မိတ်‌ဆွေ သူငယ်ချင်းဖြစ်ရတာတောင်လွန်နေပါပြီလေ။ သူကရှေ့ဆက်တိုးပြီး ချစ်မယ်တဲ့လား။ ကျတော့်အကြောင်းမသိခင်ရှေ့ဆက်မတိုးတာကပိုကောင်းတယ်။ နောက်မှဆို သူကျတော့်ကိုမုန်းတီး သွားလိမ့်မယ်။

ဒါပေမယ့် သူနဲ့တွေ့ပြီး ကျနော်ဘဝမှာမခံစားဖူးတဲ့မေတ္တာကိုခံစားလာမိတာတော့အမှန်ပဲ။
နေ့ရက်တိုင်းကို ကိုစိုင်းကပျော်အောင်ဖန်တီးပေးတယ်။ ကျနော့်ဘဝမှ မဟုတ်တခြားဘဝနာသူတွေကိုလည်း သူကိုယ်ချင်းစာတယ်။ သူ့မှာမာန်မာနတွေမရှိဘူး။

ယောကျာ်းလေးချင်းဆိုပေမယ့်လည်း အဆက်သွယ်ဖြတ်ပြီး သူနဲ့ရှောင်နေတဲ့ချိန် ကျတော်သူ့ကိုသတိရလာမိတယ်။ သူ့အပြုံး၊သူ့မျက်ဝန်း၊ သူ့ပါးချိုင့်လေးတွေက အိပ်မက်ထဲမှာစိုးမိုး လာတယ်။ ကျတော်လည်းမပျော်ခဲ့ဘူး။ ကျတော့်လုပ်ရက်လွန်သွားသလား။
ဒါပေမယ့် သူ့အတွက်ကောင်းမယ်ထင်လို့ ကျတော်ရွေးချယ်ခဲ့တာပဲ‌ေလ။ ကိုစိုင်းက ကျတော့်အပေါ်ကောင်းတဲ့ အကိုတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လိုဆိုလည်းမမှားပါဘူး။

စိုင်းဟန်ဖြိုးမင်းအကြောင်းကို မိတ်ဆွေဖြစ်တဲ့ခွန်မြတ်ကိုအစကတည်းကပြောပြထားလို့ ခွန်မြတ်လည်း အကြောင်းစုံသိပြီး ကျတော့ကိုနှစ်သိမ့်ပေးပါတယ်။ တော်သေးတယ် အားပေးစကားပြောမယ့်သူရှိနေလို့ပေါ့။

“ ရော့ ....ကိုလွန်း ခေါက်ဆွဲလေးတော့စားလိုက်ပါ ၊ ဘားမစားပဲမနေနဲ့လေ။ အလုပ်လည်းလုပ်ရဦးမယ် ဖျားလို့မဖြစ်ဘူး။”

ခွန်မြတ်က ခေါက်ဆွဲဗူးလှမ်းပေးလိုက်တယ်။

“ ကျေးဇူးပါ ခွန်မြတ်ရာ၊ ငါလည်း ဘာဖြစ်နေလဲမသိတော့ဘူးကွာ”

🔞 " နွံ " 🔞 (On going)Where stories live. Discover now