***** ညီမလေး မြတ်သော်တာ၏ ဆေးကုန်
ကျစရိတ်ကို စိုင်းဟန်ဖြိုးမင်းက ရှင်းပေးခဲ့သည်။ညီမလေးကသာမဆင်မခြင်လမ်းကိုဖြတ်ကူးသည် မှန်သော်လည်း သူ့မှာလည်းအပြစ်ရှိကြောင်းပြောသည်။
ဘာပဲဖြစ်ဖြစ် သူရဲ့တာဝန်ခံစိတ်၊ သိတတ်မှု၊ စာနာမှု၊ သူတပါးအပေါ်ကြင်နာသနားစိတ်ကိုတော့လေးစားမိသည်။
ဆရာဝန်ကတော့ ကျောက်ပတ်တီး ကို ၁၀ရက်ကြာလောက်တော့စည်းထားရမည်ဖြစ်ကြောင်းပြောသည်။ တော်သေးလို့ပေါ့
လက်အရိုးနည်းနည်းလေးအက်ယုံမို့ပေ။ ညီမလေးကစာမေးပွဲနီးနေပြီလည်းဖြစ်သည်။ဆေးရုံတက်စရာမလိုသောကြောင့် သောက်ဆေး ယူပြီးအိမ်ပြန်ခဲ့သည်။ ဒါပေမယ့် ရက်ချိန်းတော့ရှိသည်။
စိုင်းဟန်ဖြိုးမင်းက သူရဲ့ကားဖြင့် အိမ်လိုက်ပို့ပေးမည်ဟုတောင်းဆိုလာသည်။
ကျတော်တို့ကငြင်းပါသေးသည်။ ငြင်းလို့မရတဲ့အဆုံး လက်ခံခဲ့သည်။ နန်းယွန်းထွေးခမ်းကတော့ လုပ်စရာရှိသောကြောင့်ပြန်ခဲ့သည်။ညီမလေးနဲ့ကျနော် ကားနောက်ခန်းမှလိုက်စီးခဲ့သည်။ သူကတော့လမ်းကိုအာရုံစိုက်ပြီး ကျတော်ညွှန်ပြရာသို့ မောင်းနေလေသည်။ ရင့်ကျက်တည်ငြိမ်လွန်းလှသည်။ ကားမောင်းသည့်ဟန်အမူအယာပင် ရုပ်ရည်နှင့်မျှမလိုက် လူကြီးလူကောင်းဆန်လွန်းသည်။
စိန်ပန်းရက်ကွက်၏လမ်းများက ကျဉ်းပြီး လူသွားလူလာများသောကြောင့်အားနာမိသည်။ အိမ်ရှေ့တွင်ကားရပ်ပြီး ကျတော်က
ညီမလေးအားထူကာအိမ်ထဲသို့ဝင်သည်။ သူကတော့စောစောက လမ်းမှာကားရပ်ဝယ်သော မုန့်များ၊ အိုဗာတင်းဘူး နှင့် ဘရမ်းကြက်ပေါင်းဖာေလး များကို ယူ၍နောက်မှလိုက်ခဲ့သည်။သူကအိမ်ထဲရောက်တော့
“ လူကြီးတွေရော ”
“ လူကြီးတွေကမရှိဘူးဗျ”
“ ဘယ်သွားကြတာလဲညီ ”
“ ကျတော်တို့က မောင်နှမ နှစ်ယောက်ထဲဗျ”
ကျတော့် စကားအဆုံးသူ အခြေအနေသိသော ဟန်ဖြင့် မေးခွန်းဆက်မမေးတော့ပဲ ခဏငြိမ်ခဲ့သည်
YOU ARE READING
🔞 " နွံ " 🔞 (On going)
Short Story* * ရက်ရှည်ဆာလောင်နေသော ကျားရိုင်းတစ်ကောင်ကဲ့သို့ သူကျွန်တော့ကိုယ်ပေါ် အုပ်မိုးလိုက်သည်။ သူ့မျက်လုံးတွေနီရဲလျက် မျက်ဝန်းထဲ၌ ဆာလောင်မှုဒေါသများနှင့်ပြည့်နက်နေသည်။ ကုတင်ဘေး မှန်တင်ခုံရှိNR Aloe Vera Gelကိုလှမ်းယူပြီးလက်ဖြင့်gelတို့အားအလျှင်အမြန်နို...