🔺🔺🔺 အေးချမ်းတိတ်ဆိတ်လှသော မင်္ဂလာဦးရပ်ကွက်တွင် ပြာနုရောင်ဈေးရောင်သုပ်ထားသောနှစ်ထပ်အိမ်လေး။ခြံဝန်းကအရမ်းမကျယ်သလိုအရမ်းလည်းမကျဉ်းပါ။
အိမ်ရှေ့တွင် နှင်းဆီပန်းပင်ရွက်လှပင်များစိုက်ထားသည်။ အိမ်နေရာက ကုန်းပြေလေးပေါ်တည်ရှိတာကြောင့် တောင်ကြီးမြို့ရှူခင်းနဲ့နေဝင်သည့်အခါ ဖြာကျလာသောရွှေဝါရောင်ရေးရေးလေးက မြင်ရသောမြို့ရှုခင်းနဲ့တောင်ကြီးမြို့အနောက်ဘက်ရှိ လျိုချိုင့်ဝှမ်း ကျီးဖြူကန်နှင့် တောက်စွယ်အသွယ်သွယ်ကိုထင်ဟက်နေသည်။ထိုမြင်ကွင်းကိုရှုမောနေသော လွန်းထက်ယံ။
မြင်ကွင်းပုံရိပ်များက သူ့အားလွမ်းစိတ်ကိုဖြစ်ပေါ်စေသည်။လွန်းထက်ယံ ကိုစိုင်းအိမ်မှာနေရတာအဆင်ပြေလှသည်။ အိမ်က သန့်ရှင်းပြီးထားမို့ လွန်းထက်ယံအဖို့မယ်မယ်ရရ လုပ်စရာသိပ်မရှိပါ။ ကိုစိုင်းကသူ့အားဟင်းသာချက်ခိုင်းသည်။ ဟင်းကိုတော့သူအားသည့်အချိန်ဖြစ်စေ အလုပ်ဆင်းသည့်အခါဖြစ်စေအမြဲဝယ်လာသည်။
လွန်းထက်ယံအဖို့ မိမိအပေါ်ကိုစိုင်းဆက်ဆံပုံကဝန်ပိစေသည်။ အိမ်ဖော်တစ်ယောက်လိုသဘောမထားပဲ VIPဧည့်သည်တစ်ဦးလိုပင်။
လွန်းထက်ယံ အားနာစိတ်များကတနေ့တခြားတိုးပွားလာသည်။
မိမိနှင့်သူ့အဆင့်အတန်းသည် မိုးနဲ့မြေကွာခြားလွန်းလှသည်။ထို့ကြောင့်မိမိဘက်က ကိုစိုင်းအပေါ်သခင်တစ်ယောက်၊ကျေးဇူးရှင်တစ်ယောက်လိုသာဆက်ဆံသည်။ သူငယ်ချင်းလို ပွင့်ပွင့်လင်းလင်း ရောရောနှောနှောမဆက်ဆံပါ။ လိုအပ်သည်ထက်မပိုပါ။
လွန်းထက်ယံရဲ့ထိုသို့ အေးတိအေးစက်ဆက်ဆံမှုကို စိုင်းဟန်ဖြိုးမင်းမကြိုက်ပါ။
ဒီရက်ပိုင်း လွန်းထက်ယံကိုစိုင်းကိုရှောင်နေသည်။ ကိုစိုင်းကအိမ်အောက်ထက်မှာရှိလျှင် လွန်းကအပေါ်ထက်တွင်ကြံဖန်ပြီးသန့်ရှင်းရေးတွေလုပ်တတ်သည်။
ကိုစိုင်းကအပေါ်ထက်မှာရှိလျှင်လွန်းကအောက်ထက်ကိုရှောင်သွားသည်။ ညစာလည်းအတူမစားရတာတပတ်လောက်ရှိပြီ။
ကိုစိုင်းကထမင်းအတူစားဖို့ခေါ်ချိန်တွင် လွန်းက ဗိုက်စာလို့စားနှင့်ထားသည်ဟူ၍အမြဲငြင်းသည်။ လွန်း အားတဖက်သတ်ကြင်နာနေသောစိုင်းဟန်ဖြိုးမင်းအတွက်နာကြင်စေသည်။
YOU ARE READING
🔞 " နွံ " 🔞 (On going)
Short Story* * ရက်ရှည်ဆာလောင်နေသော ကျားရိုင်းတစ်ကောင်ကဲ့သို့ သူကျွန်တော့ကိုယ်ပေါ် အုပ်မိုးလိုက်သည်။ သူ့မျက်လုံးတွေနီရဲလျက် မျက်ဝန်းထဲ၌ ဆာလောင်မှုဒေါသများနှင့်ပြည့်နက်နေသည်။ ကုတင်ဘေး မှန်တင်ခုံရှိNR Aloe Vera Gelကိုလှမ်းယူပြီးလက်ဖြင့်gelတို့အားအလျှင်အမြန်နို...