1

5.6K 301 14
                                    

ရုံးခန်းတံခါးတွင်ချိတ်ထားတဲ့
နာမည်ကဒ်လေးက General Manager Mr.Kim

ရုံးခန်းထဲကအမျိုးသားတော့ဖြင့်
မောက်မောက်မာမာနှင့် အလိုကြီးကြီး
အမျိုးသားတစ်ဉီး။

" GM.. ဝင်ခဲ့လို့ရမလား ရှင့် "

" ဝင်ခဲ့ "

အခန်းထဲဝင်လာတဲ့ staff တစ်ဉီး
Mr.Kim ဟာ သူ့ထက်ရာထူးနိမ့်သူများအပေါ်သိပ်အဖက်လုပ်ချင်သည့်ပုံစံမဟုတ်။

" MD က report အမြန်လုပ်ဖို့ပါတဲ့ "

Mr.Kim လက်သီးကိုတင်းကျပ်စွာဆုပ်ထားရင်းလှန်တင်ထားတဲ့ဆံပင်များကြောင့်
နဖူးပြင်မှာ တွန့်ကွေးသွားသည်မှာအတိုင်းသား။

" ကောင်းပြီငါမကြာခင်ပြီးတော့မယ်ပြောလိုက် "

Staff ထွက်သွားတော့မှာကျယ်လောင်
စွာတောက်ခေါက်လိုက်လေသည်။

Kim SeokJin ဆိုသည်က
ငယ်ရွယ်ထဲက အကုန်လုံးအပေါ်လွှမ်းမိုးနိုင်တဲ့လူစားမျိုးဆိုတဲ့ အတ္တတစ်ခုနဲ့
ဘယ်သူ့မှအကြောမခံမျက်နှာပြောင်တိုက်တဲ့
မောက်မာတဲ့ ယောကျာ်း။

အစွယ်ကိုရိုက်ချိုူထားတဲ့
အဖိုးဖြစ်သူကြောင့် မည်သူမှသိပ်လေးစား
သည်မဟုတ်.. CEO ဖြစ်သူအဖိုးမှာ
မြေးဖြစ်သူကို Managing Director ရာထူးပေးသင့်ပါရဲ့ General manager ဖြစ်နေတဲ့
သူ့အဖြစ်ကို MD ဆိုတဲ့ Mr Leoဟာ
ဖိနှိပ်နေသည်။

ဒါတွေကလဲသူ့အမှားတစ်ခုကြောင့်
အဖိုးဖြစ်သူဟာ ရက်စက်စွာ
အစွယ်ရိုက်ချိုးခဲ့တာပင်...

...

ပီကေ ကို ဝါးရင်း
ဂျလေဘီ လေးအဖြစ်လေလွင့်နေတဲ့
ကောင်လေး မှာဘာအလုပ်မှမယ်မယ်ရရမရှိ။

မည်သည့်အလုပ်မှလဲမလုပ်တတ်သည့်
အထည်ကြီးပျက်ကလေးသာ ဖြစ်သည်
ငယ်ရွယ်ထဲက အလိုလိုက်ခံလေး
တစ်ဉီးဖြစ်တာကြောင့်..အခုထိဘာအလုပ်မှ
ကောင်းမွန်စွာ မလုပ်တတ်သည့်
JeonJungKook သာ။

ဤအရာနှင့်ပဲ ဖခင်ဆုံးလို့
စီးပွားရေးကျဆင်းကာ အိပ်ရာထဲလှဲသွားတဲ့
မိခင်ကို ရှာဖွေကျွေးနေတဲ့
ဆိုးချင်ယောင်ဆောင်လိုက်
လိမ္မာချင်ယောင်ဆောင်လိုက်နဲ့ ဆိုလ်းမြို့ထက်က ကျက်စားနေတဲ့ကောင်လေးတစ်ယောက်သာ။
...

မောင်ခင်ဗျားကို (Complete)Where stories live. Discover now