25

1.4K 185 60
                                    

Kim Seokjinတော့အခုမှ Companyတွင်
နားအေးပါးအေးနေနိုင်တော့သည် Jungkook
ထိုးလိုက်တဲ့ဒဏ်ကြောင့် Leoမှာ company ကိုမလာတာတစ်ပတ်ပင်ကျော်နေပြီ။

Seokjin ခါတိုင်းလိုပဲ နေ့လယ်နားချိန်
ရုံးခန်းထဲကထွက်တော့ အုတ်အုတ်ကျက်ကျက်ဖြစ်နေတဲ့ဝန်ထမ်းများကိုကြည့်ရင်း ဘာလဲဟလို့ရေရွတ်နေလေသည်။

တီတိုးတီတိုးပြောနေတဲ့ ကောင်မလေးအုပ်စုထဲမှ
ဝန်ထမ်းမလေးတစ်ယောက်ကို Company မှာဘာပွဲများရှိလို့ဒီလောက်ဖြစ်နေတာလဲမေးမယ်လုပ်တုန်း

" GM ဆော့ဂျင်.. MD Leoတော့သွားရှာပြီ "

အဖိုးရဲ့အတွင်းရေးမှုးမလေးက အဆုံးမရှိအစမရှိနဲ့ပြောတော့ Seokjin နားမလည်း

" ခရီးထွက်သွားတာလား "

" မဟုတ်ဘူး GMရဲ့... ရေချိုးခန်းထဲမှာသေနေတာ
မနက်ကမှအနံ့တွေထွက်လာလို့အိမ်ဘေးကလူတွေသွားကြည့်တော့မှအလောင်းကိုတွေ့တာ
5ရက်6ရက်လောက်တောင်ရှိပြီထင်တယ်နောက်ပြီး အသတ်ခံရတာတဲ့ လေ..  "

ကောင်မလေးကပြောပြီးနှုတ်ဆက်ကာထွက်သွားသော်လည်း...ဆော့ဂျင်ထိုနေရာမှာပဲကြောင်တောင်တောင်မတ်တပ်ရပ်နေမိသည်။

အခန်းထဲပြန်ဝင်ကာ ရုတ်တရက်ကြီးသေသွားတဲ့
Leoကြောင့် ဆော့ဂျင်နည်းနည်း shock ဖြစ်သွားသည်။

ဇဝေဇဝါဖြစ်နေဆဲ..သူငယ်ချင်းဖြစ်သူ
Namjoon ကိုဖုန်းဆက်ကြည့်တော့ ဖုန်းပိတ်ထားသည် နမ်ဂျွန်း အစည်းဝေးရှိတာသတိရပြီးဆက်မခေါ်တော့ဘဲ Leo ကိုဘယ်သူသတ်သွားလဲတွေးနေမိလေသည်။

Leoကို သူကလွဲအကုန်လုံးကကြည့်လို့ရသည်.. ရန်ငြိုးရှိတဲ့လူဆိုတော့Leoမှာ ဘယ်သူ့မှမရှိ
နေပါအုံး လောလောလတ်လတ် Leoနဲ့ရန်ဖြစ်ထားတာက...
အခုတလော ဂျောင်ကုအိမ်မြဲပါတယ်။

...................................................................

Seokjin စိတ်ပြေလက်ပျောက် ဂျောင်ကုစီသွားမယ်လို့တွေးကာ Company ကနေ Jungkook
ကျောင်းစီ busစီးသွားလေသည်။

ပါတီညက နမ်းဖို့တောင်းဆိုခဲ့တဲ့အချိန်လေးကို
တွေးမိရင်း ဆော့ဂျင်နားဖျားတွေရဲတတ်လာသည်...တော်သေးသည် မနက်ကျတော့ သူမူးပြီးမေ့ချင်ယောင်ဆောင်ထားတာ ဂျောင်ကုမမေးလို့
သာ ကံကောင်းသည်။

မောင်ခင်ဗျားကို (Complete)Where stories live. Discover now