Company အတွင်းသို့လေတချွန်ချွန်နှင့်
ကားသော့ကိုလက်ညိုးတွင်ချိတ်ရင်း
ဝေ့ရမ်းကာအူရွှင်စွာလာသည်ကတော့ခါတိုင်းနဲ့
မတူတဲ့GM SeokJinပင်..အာလုံးအထူးဆန်သဖွယ်ကြည့်နေကြသည်
ကိုစိတ်ထဲမထားတော့ဘဲခါတိုင်းနေ့တွေလို
အခန်းထဲကောင်မလေးခေါ်ကာ GM
ပွေရှုပ်ဖို့လဲမအားသေး။အိမ်ထောင်ပြုရမယ်ဆိုတဲ့
အဖိုးစကားကိုထပ်ခါထပ်ခါကြားယောင်ရင်း
တကယ်တန်းအိမ်ထောင်ပြုဖို့ဆိုသူချစ်တဲ့
လူကလွဲတခြားသူများနှင့်ပြုချင်သည်မဟုတ်။သေချာပေါက် Kim Tae နဲ့ပဲသူတစ်အိုး
တစ်အိမ်ထူထောင်ချင်တာ...
ဆိုးဆိုးဝါးဝါးအဖိုးအမိန့်ကလဲမလွန်ဆန်နိုင်ပြန်
မက်လုံးလှလှလေးပေးထားလို့
ဆော့ဂျင်မှာရွေးရခက်ခက်..." အာရှီး ရူးတော့မလိုပဲ "
Company ကိုလဲလက်မလွှတ်ချင်သလို
Taehyungကိုလဲလက်မလွှတ်ချင်တဲ့
ဆော့ဂျင်အဖို့ပုစ္ဆာကြီးကခက်ခဲလွန်းတယ်။တစ်လအတွင်းလက်ထပ်ရမယ်ဆိုတဲ့
အဖိုးအမိန့်..Kim Taeနဲ့လက်ထပ်ချင်လဲ
သူခမ်းခမ်းနားနားလက်ထပ်ပေးမယ်လို့လဲ
အဖိုးပြောထားပြန်တယ် ဒါပေမဲ့Kim Taeနဲ့
လက်ထပ်ပြီးရင်အမွေပြတ်ဆိုတဲ့နောက်ဆက်
တွဲကိုတော့ဆော့ဂျင်အတော်လေးကြောက်သည်။အဖိုးဟာလဲအဖိုးပီပီသသပါပဲKim Taeနဲ့မရရအောင်ခွဲသည်..Kim SeokJinဟာလဲ
အစထဲကကောင်းတဲ့လူမဟုတ်သည်ကြောင့်
အဖိုးဉာဏ်ပြေးသလောက်သူလဲဉာဏ်ပြေးမှာပင်။Laptopကို ထုတ်ရင်းအလုပ်လုပ်မယ်လို့
တွေးလိုက်ပေမဲ့တကယ်တမ်းလုပ်နေတာက
သူ့အခက်ခဲကိုဘာကများဖြေရှင်းပေးနိုင်မလဲ
ဉီးနှောက်ခြောက်စွာလိုက်ရှာနေသည်။ig ထဲမွှေနှောက်ကာ အပေါ်ဆွဲလိုက်
အောက်ဆွဲလိုက်လုပ်နေသော်လည်း
ဘာထွေထွေထူးထူးရှိမနေသည်ကြောင့်
စိတ်များထွေသွားလေသည်။Seokjin မှားပြီး သူ follow ထားတဲ့
Celebrity တစ်ယောက်ရဲ့ Mydayကို
နှိမ်မိလိုက်တော့ပေါ်လာတာက...' သိပ်မကြာခင်ကမှ ငါ ရိုက်ထားတဲ့
ဟန်ဆောင်လက်ထပ်ခြင်းဆိုတဲ့ကားကို
ပြန်ကြည့်ရင်း လူကအသည်းပဲခွဲချင်နေတယ်
ha ha '
Seokjin Capကို အသံထွက်ဖတ်ရင်း
ဟန်ဆောင်လက်ထပ်ခြင်းဆိုတဲ့စကားလုံးသည်
သူ့ကိုအတော်လေးပင်ဆွဲဆောင်သွားသည်။