" ကွာရှင်းမယ် မင်းနဲ့အတူမနေနိုင်ဘူး မင်းငါ့အတွက် အလုပ်လုပ်ပေးစရာ ဟန်ဆောင်ပေးစရာမလိုတော့ဘူး "
ခေါင်းမှာပတ်သီးအဖွေးသားနှင့်တောင် နာကျင်သည်စကားများနှင့်ဂျောင်ကုအားအတော်နှိပ်စက်နိုင်သည်။
" မ..မောင်တောင်းပန်ပါတယ် ဆော့ဂျင် "
မတ်ရပ်နေတဲ့ သူ့ရှေ့ဒူးထောက်ကာ ဂျောင်ကု ယောက်ျားတန်မဲ့တောင်းပန်သည်။
" မင်းကငါ့ကိုအခြောက်တိုက်စော်ကားနေတာဂျွန်ဂျောင်ကု မင်းငါ့ သိက္ခာကို လမ်းဘေးကအမှိုက်ပုံလို စော်ကားနေတာ "
" မောင်တောင်းပန်ပါတယ် ဆော့ဂျင် "
မာနကြီးစွာ ဆော့ဂျင်မျက်နှာလွဲခဲပစ်ထားရင်း
အိမ်ထဲဝင်ကာ အထုတ်ထဲအကျ..များထည့်ကာ နေလေသည်။တကယ်ပင်ထွက် သွားတော့မည့် ဆော့ဂျင်ကြောင့်ဂျောင်ကု ကြောက်ကာ တောင်းပန်စကားကို ပဲရွေရွတ်နေသည်။
အဝတ်အစားများထည့်ပြီး တော့ သူ့အရှေ့တွင်ရပ်နေသည့် ဂျောင်ကုကိုတွန်းဖယ်ရင်းအိမ်တံခါးဝကို ထွက်သွားလေသည်။
" ဆော့ဂျင်..မောင်တောင်းပန်ပါတယ် "
မာနကြီးစွာပင်ဆော့ဂျင်လှည့်ကို မကြည့် အနက်မိုးလင်းတာနဲ့သူဂျောင်ကု ညကသောင်းကြမ်းထားသည်ကို ပြသာနာရှာနေတာ။
မောင့်မှာလည်းမိုးလင်းထဲကမျက်ရည်အတော်လေးကျနေရပြီ...
လှည့်မကြည့်တဲ့ဆော့ဂျင်အိမ်အပြင်မရောက်ခင်
ခြေထောက်လေးကို ဖက်ကာ မသွားဖို့ဂျောင်ကုအသေအလဲတောင်းပန်ပြန်သည်။" ကျစ်..ဖယ်စမ်းပါ မင်းလိုကောင်ကငါ့ခြေထောက်ကို ကိုင်ဖို့ တောင်မတန်ဘူး "
အောက်ကို ငုံ့ကြည့်ကာ ခြေထောက်အားဖက်ထားသည့်ဂျောင်ကုကို ရက်စက်စွာပြောရင်းသူ့ခြေထောက်ကိုဂျောင်ကုလက်ထဲကအတင်းရုန်းနေသည်။
" ဖယ်စမ်းကွာ! ဂျွန်ဂျောင်ကု မင်းငါ့စိတ်ကိုလာဆွနေတာပဲ "
" ဟင့်အင်း..ဟင့်အင်း မောင်သာဖယ်ရင်း
ဆော့ဂျင်ထွက်သွားတော့ မှာ မဖယ်ဘူး "