5

1.4K 208 16
                                    

" ဒါကိုယ်ပြောတဲ့ ကိုယ့်သူငယ်ချင်း
KimSeokJin လေ ဆော့ဂျင် ဒါ
JeonJungKook ''

နှစ်ယောက်သားအသိမှတ်ပြုခေါင်းငြိမ့်ပြလိုက်သည်ဂျောင်ကုစိတ်ထဲမှာတော့ဆော့ဂျင်နာမည်ကိုကြိမ်ဖန်များစွာရေရွတ်မိလေသည်။

" လက်ထပ်မှာကတော့အမြန်ဆုံးပဲ
ဒီကြားထဲကိုယ်မင်းကိုအရှုပ်ရှင်းကင်းစေချင်တယ် "

" ဟုတ်ကဲ့ကျတော်သေချာအရှုပ်ရှင်း
ကင်းအောင်လုပ်ထားပါတယ် "

အရှေ့ကပြောနေသည့် ဆော့ဂျင်ဆိုသည့်
အမျိုးသားသည်စွဲဆောင်မှုတစ်ရပ်ပါနေလို့
ဂျောင်ကုမှာအလွန်ပင်စကားနည်းသွားလေသည်။

" နောက်ပြီး ကိုယ်တို့က လက်ထပ်တယ်ဆိုတာ
အဖိုးရှေ့ဟန်ဆောင်ပေးရုံသက်သက်ပဲ
ကောင်လေး တစ်ခြားအချိန်တွေဆို မင်းနဲ့ကိုယ်ကြားမှာ ဘာမှမသက်ဆိုင်ဘူး "

ရဲတင်းခက်ထန်လွန်းတဲ့စကားများကို
တစ်ဖက်ကမ်းခတ်သည်အထိဆော့ဂျင်
သုံးတတ်သည်..ဂျောင်ကုမှာသူ့အခြေအနေကို
နားလည်ပေမယ့်လည်း နည်းနည်းတော့
တစ်မျိုးဖြစ်သွားလေသည်။

" Seokjin... ''

ဘေးကနမ်ဂျွန်းကအားနာသည့်အလား
ဆော့ဂျင်ကိုဝင်ဟန့်သော်လည်း ထိုကြွေရုပ်သည်
အားနာသည်အရိပ်ယောင်ဖြင့်မျက်နှာတစ်ချက်မှ
ပျက်သွားသည်မရှိ။

" မင်းအသက်ဘယ်လောက်လဲကောင်လေး "

" 20 ပါ ''

Seokjin မျက်ခုံးများပင်ပင့်ကာ

" God ငါတကယ် ကလေးသာသာလေးနဲ့
လက်ထပ်ရမှာပါလား ''

အထာကျစွာပြောနေတဲ့ဆော့ဂျင်ကို
ဂျောင်ကုပြူးတူးကြောင်ကြောင်လေး
ငေးနေလေသည် အကိုနမ်ဂျွန်းနဲ့ဆော့ဂျင်သာ
ရွယ်တူဆိုရင် သူက ကျတော့်ထက်ငါးနှစ်ကြီးတာ
ငါးနှစ်ပဲကြီးတာကိုကျတော့်ကိုကလေးသာသာတဲ့...

" Ok သိပ်မကြာခင် နမ်ဂျွန်းကတစ်ဆင့်
ကိုယ်မင်းကိုဆက်သွယ်ခိုင်းလိုက်မယ်
ပိုက်ဆံကိစ္စကိုလဲဘာမှမပူနဲ့မင်းကိုလုံလုံလောက်လောက် ကိုယ်ပေးမှာ မင်းဘက်က ကိုယ့်အဖိုး
ယုံအောင်နေတတ်ဖို့ပဲ "

မောင်ခင်ဗျားကို (Complete)Where stories live. Discover now