" Ommie သားတို့ဘယ်သွားနေတာလဲဟင် "
ကလေးငယ် တစ်ယောက် မိခင်ရဲ့လက်ခဲဝယ်ငြိမ်ငြိမ်လေးပါပြီး ဘယ်သွားနေလဲမေးမြန်းနေပေမဲ့
မှောင်မဲနေတဲ့တောကြီးထဲဉီးတည်သွားနေလေသည်။ဘယ်ဘက်လက်ကိုဆွဲကိုင်ထားတဲ့မိခင်ဖြစ်သူကသူ့အားအဖတ်မလုပ်သည်ကြောင့် သူ့ညာဘက်လက်ဖြူဖြူလေးကိုဆွဲကိုင်ထားသည့် ဖခင်ဘက်ကိုငဲ့စောင်းကြည့်ကာ
" Appa အခုဘယ်သွားနေတာလဲ အခုဘယ်သွားမို့လဲဟင် "
ကလေးငယ် ကတတွတ်တွတ်မေးနေသော်လည်းမိဘနှစ်ပါးမှာဘာမှမဖြေ တောအတွင်းသာသူ့အားဆွဲခေါ်သွားသည် နောက်ဆုံးကလေးငယ် ကြောက်လန့်တကြားရုန်းကန်ရင်း လက်ထဲကထွက်လိုက်သော်လည်း မိဘနှစ်ပါးမှာ တောထဲကိုသာ တွင်တွင်ကြီးဝင်သွားရင်း...သူ့အားကျောခိုင်းထွက်သွားလေသည် မိဘများလျှောက်သွားတဲ့လမ်းတစ်လျှောက်သွေးခြေရာများ...
ကလေးငယ်ရဲ့မျက်လုံးတောက်တောက်လှလှလေးထဲမှ အရည်ကြည်လေးများစီးကျလာခဲ့ရင်းကြောက်လန့်တကြားအော်ခေါ်နေလေသည်။
" မထားခဲ့ပါနဲ့ ''
" မထားခဲ့ပါနဲ့ "
လိုက်ကာတစ်ဖတ်က အဆက်မပြတ်ထွက်လာတဲ့တိုးငြင်းတဲ့လေသံလေး..
အဆက်မပြတ်ထွက်လာနေတဲ့အသံကြောင့် တစ်ဖက်ကလူနိုးထလာရင်း ညကြီးသန်းခေါင်သရဲခြောက်တယ်ထင်နေလေသည်။
" ဘာလဲဟ.. ဂျောင်ကု ဘာသံလဲမသိဘူး "
အိပ်ရာပေါ်က ထကာ ဂျောင်ကုကို အော်ခေါ်သော်လည်း နိုးမလာသည်ကြောင့် သူကိုယ်တိုင်ထရင်း အိမ်အားပတ်ကြည့်နေလေသည်။
" သရဲချောချောလေးဆိုဖက်နမ်းပလိုက်မှာနော် "
ဆော့ဂျင်အိမ်ပတ်ဝန်းကျင်လိုက်လံမရှာပေမဲ့
မတွေ့တာကြောင့် ပြန်အိပ်ဖို့ အိပ်ခန်းထဲပြန်ဝင်တော့ ထပ်ကြားနေရတာကြောင့် ဂျောင်ကု လိုက်ကာကို ဖွင့် ကာကြည့်လိုက်တော့...
အသံပိုင်ရှင်ကသရဲချောချောလေးစီကမဟုတ်ဘဲ
ချာတိတ် စီမှလာမှန်းသိတော့သည်။" ချာတိတ် ဘာဖြစ်လို့လဲ "
Seokjin သဲသဲကွဲကွဲအသံကြားရအောင်လို့ ဂျောင်ကုနှုတ်ခမ်းပါးလေးနှင့် သူ့နားဖျားလေးတိုးကပ်ကာနားထောင်ကြည့်နေမိသည်။