" Seokjin ထ..ထတော့အိမ်ပြန်ကြအောင် "
Jungkook ပခုံးလေးကိုလှုပ်နိုးတော့ မနေ့ကအကြမ်းပတမ်းနမ်းလိုက်လို့သွေးစို့နေတဲ့နှုတ်ခမ်းလေးကအင်းအဲနဲ့လုပ်နေသေးသည်။
ညကတစ်ညလုံးမအိပ်ရဘူး..သူ့ပေါင်ပေါ်ခေါင်းအုံးအိပ်နေတဲ့ကြွေရုပ်လေးကိုအသဲတယားယားကြည့်နေရလို့လည်းပါလောက်မည်။
" အင်း..အိပ်ရေးမဝသေးဘူး ချာတိတ် "
" အိမ်ရောက်မှပြန်အိပ်လေ အခုသွားရအောင် "
အလုပ်သမားလေးတစ်ယောက်ကတံခါးလာဖွင့်ပေးလို့သာ... ဂျီမင်းဆိုင်မရောက်ခင်ဂျောင်ကု ဆော့ဂျင်နဲ့အတူအိမ်ပြန်သွားသည် ပိတ်မိသွားတာသိရင် ဂျီမင်းသက်သက်စိတ်မကောင်းဖြစ်သွားလိမ့်မည်။
ဆော့ဂျင် သန်းကာ အိမ်မှုန်စုတ်ဖွားနဲ့ busကားဂိတ်မှာ အိပ်ငိုက်နေပြန်သည်..
" သတိလေးထားပါအုံး ရုပ်ပျက်နေပြီ "
" ဘာလဲကွာ "
အရမ်းရန်ပြန်ထောင်တတ်တဲ့မြွေဟောက်လေးကို ဂျောင်ကု ခါးလေးကိုဆွဲဖက်လိုက်သည်။
Seokjin အိပ်ချင်စိတ်များပါပျောက်ကွယ်သွားရင်း သူ့ခါးကိုကိုင်ထားတဲ့ဂျောင်ကု လက်တွေကိုဆွဲခွာနေတာ ကားဂိတ်မှာတင်နှစ်ယောက်တစ်ကမ္ဘာတည်နေတဲ့ပုံ။
မလွတ်ပေးတဲ့ဂျောင်ကုမျက်နှာကိုကြည့်ကို လာပြုံးပြနေသေးသည်။
" ငါ့အသားမထိနဲ့လို့ပြောထားတယ်လေ "
ဒေါသတကြီးနဲ့ အော်ပြန်သည်။
" ပိုင်ရှင်မှန်းသိကြအောင်လို့ပါ "
ဘေးနာက လူများကိုမျက်လုံးဝှေ့ပြကာ ပြောလိုက်သည် ။သူကဆော့ဂျင်ရဲ့ပိုင်ရှင်ဖြစ်ချင်နေတာ။
" ဂျွန်ဂျောင်ကု ငါမင်းကိုသတ်မိတော့မယ် "
" မောင်လို့ခေါ်ရင်လွှတ်ပေးမယ် "
" ဘဝဆက်တိုင်းထိုင်ဆုတောင်းနေတောင်ပြည့်မှာမဟုတ်ဘူး "
စိတ်ဆိုးမာန်ဆိုးနဲ့ လမ်းကိုပဲဆော့ဂျင်စိုက်ကြည့်နေလိုက်သည်။ ဂျောင်ကုကတော့မခေါ်တာကြောင့်စကားအတိုင်းပိုတိုး၍သာဖက်ထားလိုက်သည်။