" အဖိုးရာဘယ်လိုဖြစ်နေတာလဲ "
ပါမုန့်ကိုယိုသုတ်နေတဲ့ဆော့ဂျင်မနက်စာတောင်ကောင်းကောင်းမစားရ မနက်စာတူတူစားတုန်းကိုအရှေ့ကအဖိုးဖြစ်သူသည်Jungkookကိုအိမ်ခေါ်ခဲ့အုံးလို့တတွတ်တွတ်မှာနေပြန်သည်။
" အဖိုးအသက်အခုမှ 60 ကျော်ပဲရှိသေးတာကို
ဘာလို့ကလေးလိုလုပ်နေရတာလဲဗျာ "" မင်းငါ့ကိုသူငယ်ပြန်နေတယ်လို့ပြောချင်တာလား "
မျက်ထောင့်နီကြီးနဲ့လာကြည့်တဲ့အဖိုးကိုဆော့ဂျင်စိတ်ပေါက်ပေါက်နဲ့ဟုတ်တယ်လို့ကုန်းကာအော်လိုက်ချင်ပေမဲ့လဲ
" ကျတော်အက်လိုပြောတာမဟုတ်ဘူး
ဂျောင်ကုကလဲသူ့အလုပ်နဲ့သူလေအဖိုးရဲ့ "" ဘာနေနေကွာ ငါမသေခင်လေးသိပ်လိမ္မာတဲ့ငါ့မြေးသမက်လေးနဲ့အကြာကြီးစကားပြောချင်တယ် သိပ်မကြာခင် ပဲမင်းနဲ့လက်ထပ်ရမှာပဲလေ
ငါ့မြေးသမက်ကိုပင်ပင်ပန်းပန်းအလုပ်တွေမလုပ်ခိုင်းနဲ့တော့ "" ကျစ်..အဖိုးရာအဖိုးမြေးကကျတော်နော်
ဂျွန်ဂျောင်ကုမဟုတ်ဘူးသိရဲ့လား နောက်ပြီးလက်ထပ်ဖို့ကအရမ်းစောနေလားလို့ "" နောက်တောင်ကျနေသေးတယ် သိရဲ့လားကွ
ဖြစ်နိုင်ရင် ငါကအခုတောင်ဆောင်ပေးလိုက်ချင်တာ "" အာ့ဆိုလက်ထပ်ပြီးရင်ရော ကျတော့်ပိုင်ဆိုင်မှုကဘယ်လောက်ရမှာလဲ အခုလက်ရှိ Company အပြင်လေ "
" မင်းကတော့တကယ်ပဲ အမြဲအက်လိုပဲ "
" ကျတော်ကသေချာအောင်လို့မေးကြည့်တာပါ
Company သွားရအုံးမယ် "" Jungkookကိုခေါ်ခဲ့အုံး "
" ဟူး..ကောင်းပါပြီခေါ်ခဲ့ပါ့မယ် "
မနက်စာတောင်သူဆက်စားချင်စိတ်မရှိတော့တာကြောင့် Company သွားဖို့သာပြင်လိုက်သည်။
ကားကိုမောင်းထွက်ရင်းလက်ကနာရီကိုကြည့်မိတော့ရုံးမသွားသေးလဲဖြစ်တာကြောင့်
Mochi cafeလေးသို့သာဉီးတည်လာခဲ့သည်။ဘာလို့သွားလဲဆို..ဟိုအချိုးမပြေတဲ့ချာတိတ်ကိုတွေ့ချင်လွန်းလို့တော့မဟုတ် ချစ်စရာကောင်းတဲ့
နမ်ဂျွန်းကောင်လေးကိုတွေ့ချင်လို့သက်သက်ပဲ
အက်ထက်ပိုမနေဘူး...ပိုစရာလဲဘာအကြောင်းမှမရှိဘူးလေ။