အချိန်အားဖြင့်ငါးနှစ်ပင်ရှိသွားပြီ..
ဆော့ဂျင်တစ်ကိုယ်ထဲလှုပ်ရှားသွားလာခဲ့ရတဲ့ရက်ပေါင်းဟာလည်းမနည်းတော့ပေ..အဆင်ပြေအောင်နေခဲ့ရတဲ့ရက်ပေါင်းများစွာ။အဖိုးရဲ့အုတ်ဂူရှေ့ပန်းစည်းလေးချကာ ဆော့ဂျင်ငြိမ်ငြိမ်ရပ်ကာငေးစိုက်နေလေသည်။
အဖိုးမွေးစားထားတဲ့ သူ့ထက်အနည်းငယ် ငယ်တဲ့သူ့ညီတောင်မိသားစုတစ်စုထူထောင်နေပြီဆော့ဂျင်ကတော့ company နဲ့လုံးပန်းနေလိုက်နဲ့
ဒီတိုင်းပါပဲ...
ဒီတိုင်းလေးပဲ။အဖိုးနဲ့...ပေါ်မလာသူလေးကထွက်သွားတာတစ်ရက်ထဲပါပဲ..ဆော့ဂျင် အားမလျော့လိုက်ရှာနေဆဲချစ်ရသူကဇွဲကောင်းကောင်းနဲ့ပုန်းအောင်းနေတာသိပ်ဆိုးလွန်းသည်။
ဆော့ဂျင် အဖိုးအုတ်ဂူကိုဉီးညွှန့်ရင်းကားစီကိုသာပြန်သွားလိုက်လေသည်။ဉီးတည်ရာကတော့ဂျောင်ကုနဲ့အတူနေခဲ့တဲ့အိမ်ဟောင်းလေးစီ..
ဆော့ဂျင်အမြဲလိုက်ရှာနေခဲ့တာ..
ဂျောင်ကုသေသွားတယ်လို့အတည်မပြုမချင်းသူယုံမည်မဟုတ်။နမ်ဂျွန်းကတော့လက်လျှော့ဖို့ပြောပါသေးတယ် ကင်မ်ထယ့်ကိုလည်းဒုက္ခမပေးချင်တော့ အခုဆိုကင်မ်ထယ်လဲ ဂျောင်ဟိုဆော့ဆိုသည့်ကျောင်းဆရာလေးနဲ့တဝစ်ခုထူထောင်နေပြီ စိတ်မပျက်ပါဘူး
ကျတော်ယုံကြည်သေးသည်ဂျောင်ကုထားသွားမှာမဟုတ်တာ..ဘယ်လောက်ထိစောင့်ရစောင့်ရ..ဒါမှမဟုတ် နောက်ဆုံးထွက်သက်အထိဂျောင်ကုနဲ့အတူနေခဲ့တဲ့အိမ်ဟောင်းလေးစီကသာသူစောင့်ချင်သည်။အရင်တုန်းကလိုယုန်သွားလေးတွေပေါ်တဲ့အခုပြုံးရယ်ပြတဲ့ကြိုဆိုနေတဲ့ကောင်လေးကိုမမြင်ရ
ဂျောင်ကု လုပ်ထားတဲ့ဒန်းလေးပေါ်သူထိုင်ကာ
စိုက်ပျိုးထားတဲ့အပင်ငယ်လေးများကိုသူသာဆက်လက်ပြုစုထားသည်။အမှန်တကယ်တော့..ဂျောင်ကုကလူလိမ်လေး
ကျတော့်ကိုပါအပါမခေါ်သွားပဲ သူ့ဘာသာထွက်သွားတဲ့ကောင်..သိပ်ဆိုးတယ်။ ဘယ်တော့မှထားမသွားဘူးလိုတဖွဖွပြောတဲ့လူလိမ်..လူလိမ်လေး။ဝဲတတ်လာတဲ့မျက်ရည်စများကိုမကျအောင်ဆော့ဂျင်ပုတ်ခတ်ရင်း ကောင်းကင်ကျယ်ကိုသာမော့ကြည့်ရင်းငေးမောနေလေသည်။