"ဘဝအဆက်ဆက် မင်းအချစ်ကငါအမြဲပိုင်တယ်"
မနက်မိုးလင်း၄နာရီထိုးသာနဲ့ မျက်လုံးဖွင့်ပြီးwinနဲ့အတူအိပ်သာကိုသူနည်းနည်းလန့်သွားတယ် မနေ့ကဘာတွေဖြစ်လို့ဒီကိုရောက်လာလဲတော့သူမသိဘူး Brightလည်းတွေးမနေတော့ပဲ ရေချိုးပြီးအောက်ကိုဆင်းပြီး မီးဖိုချောင်ထဲဝင်သွားလိုက်တယ် သူ့ကိုပြုန်းပြဲးကြည့်နေတဲ့ ဒေါ်စံ
"ဘာရပ်ကြည့်နေသလဲ အမြန်လာကူလေ အချောင်ခိုဖို့မစဉ်းစားနဲ့"
"ဟုတ်ဘာကူလုပ်ရမလဲ"
"အကုန်လုပ်ရမယ်"
"ကျွန်တော်မလုပ်တက်ဘူး"
"ဒါဆိုသမီးကူလုပ်ပေးလေအမေ"
"သမီးမလိုဘူး သူဌေးမပြောတယ်သူ့ကိုကြိုက်သလောက်ခိုင်းနိုင်တယ်တဲ့ နင်သိတယ်မလား"
"ဟုတ် ဘယ်လိုလုပ်ရမလဲဆိုသာအဒေါ်ပြောပြ"
"ထမင်းအရင်ချက်မယ် ရေနဲ့ဆေးပြီးတော့ရေကိုထမင်းနဲ့ကိုက်အောင်ထည့်ပေး ရေဘယ်လောက်ထည့်ရမလဲဆိုသာသေချာကြည့် တစ်ခါပဲသင်ပေးမှာ"
"ဟုတ်ကဲ့"
"ကဲပြီးပြီမလား"
"ဟုတ်"
"ဒါဆိုရင်ဟင်းချက်ရမယ် အရွက်ကိုရွေး"
"ဘာအရွက်လဲ"
"အေလေအမေကလဲ"
"မုန်ညှင်းရွက်လေ အရွက်ကိုဆေးပြီးတော့ ကြက်သွန်ဖြူကိုခွာပြီးရင်တော့ငရုပ်သီးအစိမ်းနဲ့ထောင်း ထောင်းပြီးရင် ခရမ်းသီးကိုလှီး ပြီးရင်ပြော"
"ဟုတ်"
"အကိုမှတ်မိလား မမှတ်မိရင်ညီမကိုမေးနော်"
"ဟုတ်ကဲ့ဗျ"
"ဟေ့သမီးလျှာမရှည်နဲ့ စာသွားလုပ်"
"လုပ်ဘူး"
"ပြီးပြီဗျ"
"ပြီးပြီလားဒါဆိုရင်လည်း အသားကိုလှီး လှီးပြီးရင် အိုးထဲကိုဆီထည့် သောနကလုပ်ထားတဲ့ ကြက်သွန်ဖြူထောင်းနဲ့ခမ်းသီးကိုအရင်ထည့်လိုက် အဲ့ဒါကျက်ရင် လှီးထားတဲ့အသားကိုထည့် အသားနည်းနည်းကျက်လာပြီဆိုရင် မုန်ညှင်းရွက်ကိုထည့် ဟုတ်ပြီလား"