Loveနဲ့ဒေါ်လှကလည်း Brightဆေးရုံရောက်ပြီလို့သိရသာနဲ့ဆေးရုံလာခဲ့တယ် Bright အခန်းမှာတစ်ယောက်မှရှိမနေဘူး win ကတော့ Bright မနက်စာအတွက်ဆန်ပြုတ်သွားဝယ်ပေးတယ် Dew Tu လည်းစားသောက်ဆိုင်ကိုပြန်သွားတယ် ဒေါ်လှနဲ့Love လာရောက်တဲ့အချိန်လေးကို Bright လည်းနိုးလာတယ်
"Bright နင်နိုးပြီလား"
"ဟုတ်"
"နင်ကတိတည်ဖို့အချိန်တန်ပြီ"
"ကတိ"
"ငါထင်သားပဲ အဲ့ကြောင့်မို့ငါနင့်ကိုလက်မှတ်ထိုးခိုင်းထားသာ၊winကိုကုနိုင်မယ်ဆရာတွေ့ရပါပြီ"
"တကယ်လား"
"အင်ပေါ့ နင်ကတိပါစေလို့ပြောချင်သာ"
"စိတ်ချပါ အဒေါ်ရဲ့သားလည်း ကျွန်တော်ရဲ့ချစ်သူပဲ"
"ခုကနင့်ချစ်သူဟုတ်ချင်ဟုတ်လိမ့်မယ်"
"ကျွန်တော်သိပါတယ် win ရောဂါကုသအောင်ရအောင်ပြောပေးပမယ်"
"ကောင်းပြီလေ"
"အမloveနဲ့ခနလောက်စကားပြောလို့ရမလား ကျွန်တော်မေးစရာရှိတယ်"
"ရတယ်လေ သူ့ကိုတော့ဘာမှမလုပ်နဲ့"
Loveကတော့နည်းနည်းကြောက်နေတယ် ဒေါ်လှထွက်သွားပြီး Bright လည်းထထိုင်လိုက်တယ်
"အမဘာကြောင့်ကျွန်တော့်ကိုကားနဲ့တိုက်သလဲ"
Loveလည်းကြောင်နေသေးတယ်
"ကျွန်တော်အကုန်မှတ်မိပြီ win ကိုဒီအကြောင်းကိုမပြောပြစေချင်ရင်ပြောပါ"
"ငါ.....ငါ"
"ပြောပါ ကျွန်တော်ဘာလုပ်ခဲ့ဖူးလည်း ကျွန်တော်ကအမကိုကျွန်တော့်အမအရင်းတစ်ယောက်လိုချစ်ခဲ့သာ"
"ဘာကြောင့်လဲဆိုသာသိပ်သိချင်တယ်လား"
"ငါကwinကိုချစ်တယ် winကိုအရာရာတိုင်းကူညီပေးခဲ့တယ် သူကငါ့အချစ်ကိုမမြင်ဖူးဘူး သူ့အတွက်အရာရာပေးဆက်ခဲ့တယ် သူကငါ့ရဲ့အကောင်းကိုမမြင်ဖူးဘူး ငါသူ့ကိုငယ်ငယ်ကတည်းကကြိုက်ခဲ့သာ သူ့အတွက်တွက်အရာရာလုပ်ပေးရင် သူငါ့ကိုချစ်လာမယ်လို့ထင်ခဲ့တယ် ဒါမယ့်အဲ့ချိန်ကနင်သူ့ဘဝထဲဝင်လာခဲ့တယ် သူ့ဘေးမှာငါရှိနေတယ်လို့သူမတွေးဘူး တကယ်တော့ငါနင့်ကိုစတွေ့ကတည်းကမုန်းတယ် အရမ်းမုန်းတယ် နင့်ကိုချစ်သလိုဟန်ဆောင်ရသာလည်းပင်ပန်းတယ်သိလား"
