J နိုင်ငံရဲ့ ဆိတ်ငြိမ်ရပ်ကွက်တစ်ခု...။
သီးသန့်ဆန်စွာဖြင့် တိတ်ဆိတ်ငြိမ်သက်နေသော
အိမ်ငယ်လေးတစ်လုံး...။
TV Channel တစ်ခုမှ လွင့်ပျံလာသောအသံတစ်ချို့...။"မင်္ဂလာပါ...
ရွှန်းဆုကဲ မီချီအဲဒ ပါ ခင်ဗျ..."တီဗီစခရင်ပေါ်မှာ လှုပ်ရှားနေတဲ့ ပုံရိပ်လေးက
အပြုံးနုနုကို ဆင်မြန်းထားတယ်...။
Host နဲ့ ပုံရိပ်လေးရဲ့ အပြန်အလှန်စကားပြောနေပုံကို
မျက်တောင်မခတ်စိုက်ကြည့်နေသူတစ်ဦးလည်းရှိနေခဲ့တယ်...။ပုံကျသပ်ရပ်တဲ့ဆံပင်ခွဲကြောင်းက
ထိုအမျိုးသားရဲ့နဖူးပြင်နဲ့ လိုက်ဖက်စွာတည်ရှိနေတယ်...။
မည်းနက်ဖြောင့်တန်းတဲ့မျက်ခုံးတန်းအောက်မှာ
စူးရဲကြည်စင်စွာရှိနေတဲ့ မျက်ဝန်းတစ်စုံ...။
သေသပ်တိကျတဲ့နှုတ်ခမ်းတွေဟာ
အညိုရောင်လိုင်းတစ်ခုနဲ့ ဆွဲထားသလို
တိတိပပ ပြုံးမယောင်လေးတည်ရှိနေတယ်...။ထိုလူက တီဗီအစီအစဉ်ကို မျက်တောင်မခတ်ကြည့်နေပြီး
မျက်နှာအမူအရာကလည်း
ခဏချင်းပြောင်းလဲနေခဲ့တယ်...။
ပုံရိပ်လေးကရီမောနေတဲ့အခါ
ထိုလူ့ရဲ့နှုတ်ခမ်းစွန်းတွေကော့တက်သွားတတ်ပြီး
ပုံရိပ်လေး အဖြေရခက်နေတဲ့အခါ
မျက်ခုံးတန်းတွေထိစပ်တဲ့ထိ မျက်မှောင်ကြုံ့သွားတတ်တယ်...။နာရီဝက်ကျော်ကျော် အစီအစဉ်ပြီးသွားတဲ့အခါ
စခရင်ကလည်း အမှောင်ကျသွားပြီး
ထိုလူရဲ့အကြည့်တွေက စားပွဲပေါ်က ဓာတ်ပုံတွေဆီ
ကျရောက်လာခဲ့တယ်...။
ပန်းနုရောင်ဝတ်စုံနဲ့ အမျိုးသားငယ်လေးတစ်ယောက်က
တောက်ပစွာပြုံးရယ်နေခဲ့တယ်...။
ဓာတ်ပုံထဲက ပုံရိပ်လေးဟာ မကြာခင်က တီဗီဖန်သားပြင်ထက်မှာ
မြင်ခဲ့ရတဲ့ ပုံရိပ်လေးနဲ့တစ်ထပ်တည်း...။J နိုင်ငံရဲ့ ပြည်သူ့အချစ်တော် ရွှန်းဆုကဲ မီချီအဲဒ...
အသက် ၁၂နှစ်ကတည်းက အနုပညာလောကကို
ဝင်ရောက်လာသူ...
ဇာတ်လမ်းပေါင်းများစွာကို ပါဝင်သရုပ်ဆောင်ထားပြီး
များစွာသော ဆုများ နှင့်
တစ်ကမ္ဘာလုံးရှိ ပရိတ်သတ်များ၏ အချစ်ကိုရရှိထားသူ...
တောက်ပသောအပြုံး နှင့် ဖြူစင်ရိုကျိုးတတ်သောစိတ်ထား
အပြစ်ဆိုဖွယ်မရှိအောင်
အစိတ်အပိုင်းတစ်ခုချင်းစီထိ လှရက်လွန်းသော
အတောက်ပဆုံး ငွေကြယ်ပွင့်...
YOU ARE READING
Štãř & Ĥiš Ôbśèŝšivē Fäñ (Complete)